Meet, Greet & Bye
Meet, Greet & Bye (2025) ++++++++++++ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ "Meet, Greet & Bye" ကတော့ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဒါရိုက်တာ Cathy Garcia-Sampana ရိုက်ကူးထားပြီး မိသားစုမေတ္တာဖွဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီကားက ရယ်လည်းရယ်ရသလို တကယ့်ကို မျက်ရည်ကျရမယ့် "Emotional Rollercoaster" ကားမျိုးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းက Facundo မိသားစုအကြောင်းပါ။ အမေဖြစ်သူ Mama Baby (Maricel Soriano) က ကင်ဆာရောဂါ ပြန်ဖြစ်လာတဲ့အခါမှာ ဆေးကုသမှုခံယူဖို့ ငြင်းဆန်နေပါတယ်။ သူ့ရဲ့ နောက်ဆုံးဆန္ဒကတော့ သူအရမ်းကြိုက်တဲ့ Korean Idol နဲ့ လူချင်းတွေ့ဆုံ (Meet & Greet) ဖို့ပါပဲ။ ဒါကြောင့် အရွယ်ရောက်ပြီးသား သားသမီး ၄ ယောက်ဖြစ်တဲ့ Tupe (Piolo Pascual)၊ Brad (Joshua Garcia)၊ Leo (Juan Karlos) နဲ့ Geri Ann (Belle Mariano) တို့ဟာ အမေ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့နဲ့ အမေ့ကို ဆေးပြန်ကုစေဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားကြရပါတယ်။ အမေ့အတွက် ကြိုးစားရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေတဲ့ မောင်နှမတွေကြားက အငြိုးအတေးတွေ၊ အထင်လွဲမှုတွေကလည်း တဖြည်းဖြည်း ပေါ်လာပါတယ်။ ကိုရီးယားမင်းသားနဲ့ တွေ့ဖို့ လက်မှတ်ရအောင် ကြိုးစားတဲ့အခါ ရယ်ရတဲ့အခန်းလေးတွေရှိသလို၊ အမေ့ရဲ့ ဝေဒနာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတဲ့ အခန်းတွေကလည်း အများကြီးပါ။ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ "Diamond Star" လို့ တင်စားရတဲ့ Maricel Soriano နဲ့ Piolo Pascual တို့လို ဝါရင့်သရုပ်ဆောင်တွေရဲ့ ပညာပြကွက်တွေကို အားရပါးရ မြင်တွေ့ရမှာပါ။ ဒီကားက "နှုတ်ဆက်ခြင်း" အကြောင်းကို အဓိကထားထားတာပါ။ မိသားစုဝင်တစ်ယောက်ကို လက်လွှတ်ရတော့မယ့်အချိန်မှာ ကျန်ရစ်သူတွေ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ခွင့်လွှတ်ခြင်းက ဘယ်လောက်အရေးကြီးလဲဆိုတာကို သေချာပြသွားပါတယ်။ "တစ်ခါတလေမှာ အချစ်ဆိုတာ အတူတူရှိနေဖို့တင်မဟုတ်ဘဲ အကောင်းဆုံးနှုတ်ဆက်နိုင်ဖို့လည်း လိုအပ်တယ်" ဆိုတဲ့ သတင်းစကားကို ပေးချင်တာပါ။ File Size… (1.51B) / (880MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 46m Genre ….Drama , Family Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း