ဇာတ်ကားများ ရွေးရန်

Vikrant Rona

2022ဇာတ်ကားအမှတ် 6.8/10147 မိနစ်4K

ကာနတကအတွင်းက ကမာရုတူးဆိုတဲ့ ရွာလေးဟာ တောအုပ်ကြီးအလယ်မှာ တည်ရှိပါတယ်။ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေနဲ့ နတ်ဆိုးတွေ သောင်းကျန်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း နာမည်ထွက်နေတဲ့ ရွာပါ။ အဲဒီရွာက ဘိုးဘွားပိုင်အိမ်တစ်အိမ်မှာ မိသားစုတစ်စု မင်္ဂလာပွဲလာကျင်းပကြပေမယ့် ပွဲက အထမမြောက်ခဲ့ဘူး။ အိမ်ထဲမှာ အရာရှိတစ်ယောက်ရဲ့ ခေါင်းပြတ်နေတဲ့အလောင်းကို တွေ့လိုက်ကြရပါတယ်။ ရွာထဲမှာ ကလေးသူငယ်တွေလည်း အသတ်ခံနေရတာကြောင့် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ဘာရှိနေသလဲဆိုတာ မေးခွန်းဖြစ်လာတယ်။ ရွာက တကယ်ပဲ ကျိန်စာသင့်နေတာလား၊ နတ်ဆိုးတွေကြောင့်လား၊ အဖြစ်မှန်က ဘာလဲ။ Dabangg 3 မှာ ဗီလိန်အဖြစ် ပါဝင်ခဲ့တဲ့ ကန်နန်းဒါးမင်းသား ကစ်ချားဆူဒီပါးနဲ့ ဂျက်စီတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း