ဇာတ်ကားများ ရွေးရန်

The King

2017ဇာတ်ကားအမှတ် 7.3/10134 မိနစ်

The King (2017) ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ The King ဆိုတဲ့ ဇာတ်ကားဟာ Jo In-sung၊ Jung Woo-sung နဲ့ Ryu Jun-yeol စတဲ့ ထိတ်ထိတ်ကြဲ မင်းသားတွေ ပါဝင်ထားပြီး တောင်ကိုရီးယား နိုင်ငံရေးလောကရဲ့ အမှောင်ခြမ်းကို ဖွင့်ချပြထားတဲ့ Crime-Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆင်းရဲနွမ်းပါးတဲ့ဘဝကနေ ရုန်းထွက်ချင်တဲ့ Park Tae-su (Jo In-sung) ဟာ လောကမှာ အာဏာအရှိဆုံးက .. အစိုးရရှေ့နေဆိုတာကို သိသွားပြီးနောက် အသည်းအသန် ကြိုးစားကာ ရှေ့နေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း လက်တွေ့လောကမှာတော့ သူထင်ထားသလို မဟုတ်ဘဲ အာဏာအရှိဆုံးသူ Han Kang-sik (Jung Woo-sung) ရဲ့ အဖွဲ့ထဲ ရောက်သွားတဲ့အခါမှာတော့ အာဏာရဲ့ အရသာနဲ့အတူ နိုင်ငံရေး လှည့်ကွက်တွေထဲကို ကျွံဝင်သွားပါတော့တယ်။ သူ့ရဲ့ အကောင်းဆုံးအခြေအနေကို ရောက်ရှိသွားပြီး နောက်ကွယ်မှာတော့ ငယ်သူငယ်ချင်းဖြစ်သူ လူမိုက် Choi Du-il (Ryu Jun-yeol) က ကူညီပေးနေခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ သစ္စာဖောက်မှုနဲ့ ကြုံလာရပြီး အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရတဲ့အထိ အခြေအနေတွေ ဆိုးဝါးသွားတဲ့အခါမှာတော့ Tae-su ဟာ သွေးအေးအေးနဲ့ လက်စားချေဖို့ ပြင်ဆင်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ နိုင်ငံရေးလောကရဲ့အာဏာယှဉ်ပြိုင်မှုကို ပုံဖော်ထားပြီး မင်းသားတွေရဲ့သရုပ်ဆောင်မှု၊ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ လုံးဝကို လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးမို့ ရှုစားလိုက်ပါဦးနော် .. ။ File size…1.94GB / 940MB Quality… WEB-DL 1080p/ 720p Format…mp4 Duration… 2 hr. 14 min. Genre ….. Thriller, Crime, Drama, Political Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း