The Knife
The Knife (2025) IMDb Rating (5.9) / Rotten Tomatoes (91%) ဒီနေ့တော့ Psychological Thriller ကားကောင်းလေးတစ်ကားဖြစ်တဲ့ The Knife (2024) တင်ထားမယ်နော်။ ဒီကားကို မင်းသား Nnamdi Asomugha ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး Mark Duplass နဲ့ တွဲရေးထားတာပါ။ ဇာတ်လမ်းအကျဉ်း ခရစ် (Chris) နဲ့ အဲလက်စ် (Alex) တို့ ဇနီးမောင်နှံက သူတို့ရဲ့ သမီးလေးနှစ်ယောက်နဲ့အတူ အိမ်သစ်လေးတစ်လုံးမှာ အေးအေးချမ်းချမ်း နေထိုင်နေကြတာပေါ့။ ဒါပေမဲ့ တစ်ည သန်းခေါင်ယံ ၁ နာရီခွဲလောက်မှာ သူစိမ်းအမျိုးသမီးတစ်ယောက် သူတို့အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာရာကနေ ဇာတ်လမ်းစတာပါပဲ။ ပြဿနာက ခရစ်တို့က လူမည်းမိသားစုဖြစ်နေပြီး ကျူးကျော်ဝင်လာသူက လူဖြူအမျိုးသမီး ဖြစ်နေတာပါ။ ရဲတွေက သူတို့ကို မယုံကြည်ဘဲ အပြစ်တင်မှာကို စိုးရိမ်တဲ့အတွက် မိသားစုဝင်တွေ အထိတ်တလန့်ဖြစ်ပြီး သက်သေအထောက်အထားတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားကြပါတယ်။ တကယ့်လက်တွေ့မှာလည်း လူတွေက အကျပ်အတည်းကြုံလာရင် ဆုံးဖြတ်ချက်အမှားတွေ လုပ်တတ်ကြပါတယ်။ ရဲတွေရောက်လာတဲ့အခါမှာတော့ စုံထောက် ကာလ်ဆင် (Melissa Leo) က အမှုမှန်ပေါ်အောင် စစ်ဆေးမေးမြန်းပါတော့တယ်။ ခရစ်တို့ မိသားစုကလည်း သူတို့ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ မပေါ်အောင် ကြိုးစားရင်း၊ တစ်ညတည်းအတွင်းမှာပဲ မိသားစုဝင်တွေကြား ယုံကြည်မှုတွေ ပျက်ပြားလာပြီး အခြေအနေတွေ ပိုဆိုးလာတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားမျိုးပါ။ File size… (2.2 GB) / (620 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:21:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း