ဇာတ်ကားများ ရွေးရန်

Cuttputlli

2022ဇာတ်ကားအမှတ် 6.1/10134 မိနစ်4K

အာဂျန်ဟာ ကွင်းဆက်လူသတ်သမားတွေရဲ့ စိတ်ပညာကို စိတ်ဝင်စားတဲ့ ဘွဲ့ရလူငယ်တစ်ယောက်ပါ။ သူဖြစ်ချင်တာက သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကား ရိုက်ကူးဖို့ဖြစ်လို့ မှုခင်းစိတ်ပညာနဲ့ မှုခင်းဖြစ်စဉ်တွေကို ခုနစ်နှစ်ကြာ လေ့လာပြီး ဇာတ်ညွှန်းတစ်ပုဒ် ရေးထားခဲ့တယ်။ ဒါပေမယ့် အဲဒီဇာတ်ညွှန်းကို သဘောကျပြီး ရိုက်ကူးပေးမယ့်သူ မတွေ့ခဲ့ရပါဘူး။ ဒါနဲ့ သူလေ့လာထားသမျှ အလဟဿမဖြစ်အောင် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ ရဲဖြစ်လာပြီး မကြာခင်မှာပဲ ဆယ်ကျော်သက်ကျောင်းသူလေးတွေ ပျောက်ဆုံးတဲ့အမှုတွေ ပေါ်လာတယ်။ လူပျောက်မှုကနေ ကွင်းဆက်လူသတ်မှုအထိ ကြီးထွားလာတဲ့အခါ အာဂျန်ဟာ စာတွေ့လေ့လာထားတဲ့ မှုခင်းပညာကို လက်တွေ့မှာ ဘယ်လိုအသုံးချမလဲ။ ရဲလုပ်သက်အတွေ့အကြုံ မရှိသေးတဲ့သူတစ်ယောက်အနေနဲ့ အထက်အရာရှိတွေနဲ့ရော အဆင်ပြေနိုင်ပါ့မလား။ ၂၀၁၈ ခုနှစ်က Ratsasan ကို Disney+ Hotstar က ၂၀၂၂ ခုနှစ်မှာ ပြန်လည်ရိုက်ကူးထားတဲ့ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး အာရှေးကူးမား ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း