ဇာတ်ကားများ ရွေးရန်

Mortal Kombat Legends: Snow Blind

2022ဇာတ်ကားအမှတ် 7.9/1082 မိနစ်

Mortal Kombat ပွဲတွေပြီးဆုံးပြီး အတော်ဝေးကွာတဲ့ အနာဂတ်တစ်ချိန်မှာ ကမ္ဘာတစ်ဝန်းဟာ သေရွာပြန်တွေရဲ့ ဖျက်ဆီးမှုကြောင့် စွန့်ပစ်မြေတွေ ဖြစ်နေပါပြီ။ နဂါးနက်အဖွဲ့ရဲ့ ဘုရင်ဖြစ်လာတဲ့ Kano ကလည်း အဲဒီနေရာတွေမှာ ထင်တိုင်းကြဲပြီး တစ်နေရာပြီးတစ်နေရာ သိမ်းပိုက်နေတယ်။ Sub-zero လို့ သိကြတဲ့ Kuai Liang ကတော့ လူသူမသိတဲ့ အဘိုးကြီးတစ်ယောက်အဖြစ် ဇာတ်မြှုပ်နေပါတယ်။ တစ်နေ့မှာ ပြိုင်ဘက်ကင်းစစ်သည်တော်ဖြစ်ဖို့ ရည်မှန်းထားတဲ့ Kenshi ဟာ မြို့လေးတစ်မြို့ကို ရောက်လာပြီး Kano ရဲ့လူတွေကို ပညာပေးလိုက်တယ်။ ဒီလုပ်ရပ်ကြောင့် Kano နဲ့ နဂါးနက်အဖွဲ့ကို ရင်ဆိုင်ရတော့မယ့် Kenshi ဘာဆက်ဖြစ်မလဲ၊ Kuai Liang က ဒီပြဿနာထဲ ဘယ်လိုပါဝင်လာမလဲ။ သူ အခုလို ဇာတ်မြှုပ်နေရတဲ့ အကြောင်းရင်းကလည်း မေးခွန်းတစ်ခုပါပဲ။ Scorpion ရဲ့ဇာတ်လမ်းနဲ့ စတင်ခဲ့တဲ့ Mortal Kombat Legends အန်နီမေးရှင်းဇာတ်ကားတွေရဲ့ တတိယကားဖြစ်ပြီး ဒီတစ်ခါမှာ Sub-zero နဲ့ မျက်ကန်းဓားသမား Kenshi တို့အကြောင်းကို ပြထားပါတယ်။ MK 11 ထဲက ဇာတ်ကြောင်းတချို့ကိုလည်း ယူသုံးထားတယ်။ သွေးထွက်သံယိုပြကွက်တွေ ပါဝင်တဲ့အတွက် ကလေးသူငယ်တွေ ကြည့်ဖို့ မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း