ဇာတ်ကားများ ရွေးရန်

Dog 51

2025ဇာတ်ကားအမှတ် 6.3/10100 မိနစ်

Dog 51 (2025) IMDb Rating (5.8) ပြင်သစ် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို (Sci-Fi Thriller) ရုပ်ရှင်ကားဖြစ်ပါတယ်။ နာမည်ကျော်ဒါရိုက်တာ Cédric Jimenez က ရိုက်ကူးထားပြီး အနာဂတ်ကမ္ဘာရဲ့ AI နည်းပညာနဲ့ လူမှုရေးခွဲခြားမှုတွေအကြောင်းကို တင်ဆက်ထားတာပါ။ Blade Runner စတိုင်မျိုး အနာဂတ်မြို့ပြရဲ့ မှောင်မှိုင်းတဲ့ အငွေ့အသက်တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ Visual ပိုင်းက တကယ့်ကို ရှယ်ကြီးပါ လက်ရှိခေတ်စားနေတဲ့ AI နည်းပညာအပေါ် လူသားတွေရဲ့ မှီခိုမှုနဲ့ အဲဒီနည်းပညာက လူသားတွေကို ပြန်လည်ထိန်းချုပ်လာရင် ဘာဖြစ်မလဲဆိုတာကို မေးခွန်းထုတ်ထားပါတယ်။ ၂၀၄၅ ခုနှစ်၊ အနာဂတ် ပဲရစ်မြို့တော်ကြီးဟာ လူမှုအတန်းအစားအလိုက် ဇုန် (၃) ခု ခွဲခြားခံထားရပါတယ်။ တစ်မြို့လုံးကို ALMA လို့ခေါ်တဲ့ အဆင့်မြင့် AI စနစ်ကြီးက စောင့်ကြည့်ထိန်းချုပ်ထားပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဒီ AI ကပဲ ဦးဆောင်နေတာပါ။ တစ်နေ့မှာတော့ ဒီ AI စနစ်ကြီးကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီး အသတ်ခံလိုက်ရပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ဇုန် (၂) က အထက်တန်းလွှာ ရဲအရာရှိမလေး Salia နဲ့ ဇုန် (၃) က ဆင်းရဲသားရပ်ကွက်မှာ နေထိုင်တဲ့ ဝါရင့်ရဲအရာရှိ Zem တို့ ပူးပေါင်းလိုက်ရပါတယ်။ သူတို့နှစ်ဦး အမှုကို ဖော်ထုတ်ရင်းနဲ့ ALMA AI စနစ်ရဲ့ နောက်ကွယ်က ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်တွေ၊ အဂတိလိုက်စားမှုတွေနဲ့ သူတို့ကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အမှောင်ဘက်ခြမ်းတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားစရာကြည့်ရမှာပါ။ File size… (1.8 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime,Science Fiction,Thriller Duration…. 01:45:24 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း