Strike Against Time
အကောင်းနဲ့အဆိုး၊အလင်းနဲ့အမှောင်…လောကကြီးရဲ့ အရောင်အမျိုးမျိုးကြားမှာ လူသားတွေရဲ့လောဘ ဒေါသ မောဟ သနား အကြင်နာ ကရုဏာတွေပါ ဖုံးလွှမ်းလိုက်တဲ့အခါမှာတော့ ပေါင်းစပ်ပွဲကြီးတစ်ခုလို ဖြစ်နေတတ်ပါတယ်အဲဒီစိတ်ဓာတ်အရောင်စုံတွေ ဖုံးလွှမ်းထားတဲ့ အမှုတစ်ခုကို အချိန်နဲ့ပြိုင်ပြီး ဖော်ထုတ်ရမဲ့ဇာတ်လမ်းလေးကတော့ Strike Against Time (2025) ပဲဖြစ်ပါတယ် ရှန်ကျားမင်နဲ့ဝူယန်လို့ခေါ်တဲ့ မှုခင်းတပ်ဖွဲ့ရဲအရာရှိနှစ်ယောက်ဟာ နိုင်ငံဖြတ်ကျော်မှုခင်းကြီးတစ်ခုကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ စွမ်းရည် သဘောတရားနဲ့ ယုံကြည်မှုကြောင့် “အဆုံးသတ်မရှိတဲ့အမှု မရှိဘူး” လို့တောင် ပြောလို့ရပါတယ်… ဒါပေမဲ့ ဒီတစ်ခါ သူတို့ကိုထပ်ပြီးစိန်ခေါ်လာတဲ့အမှုကတော့ သာမန်လူသတ်မှုမဟုတ်ပါဘူး…ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖုံးကွယ်ထားတဲ့ ဆေးဘက်ဆိုင်ရာမှုခင်းကွန်ယက်ကြီးတစ်ခုပဲဖြစ်ပါတယ် အစမှာတော့ ရိုးရှင်းသလို ထင်ရပေမဲ့မကြာခင်မှာပဲ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွါးလာတဲ့နောက်မှာတော့… အလှူရှင်တွေ ဆရာဝန်တွေ ဆက်စပ်သူတွေ ဘယ်သူမှ မလုံခြုံတော့တဲ့အခါ…အမှုဟာ တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီးရှုပ်ထွေးလာသလို သက်သေတွေကလည်း မျက်နှာဖုံးဝတ်ထားသလို ဖြစ်နေတဲ့အခါ…ဒီလူသတ်မှုတွေရဲ့ကြား သံသယရှိသူအဖြစ် Mi Fang, Dr. Mayu Ru , လော်မျိုးရိုးမောင်နှမတို့က အမှုလမ်းကြောင်းအပေါ် ရောက်ရှိလာတဲ့အခါမှာတော့… အမှုဟာ ရဲတပ်ဖွဲ့အတွက်သာမကလူ့ကျင့်ဝတ်နဲ့ဆေးဘက်ဆိုင်ရာသမာဓိကိုပါ စမ်းသပ်တဲ့ စစ်ပွဲတစ်ခုဖြစ်လာပါတယ်…တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုတွေက တစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်သလို တစ်ယောက်ရဲ့ အသက်ကို ဖျက်ဆီးနိုင်ပြီးတော့ အဆုံးသတ်မှာ တရားမျှတမှုကို ရှာတွေ့နိုင်မလား ဒါမှမဟုတ် အမှန်တရားကို ဖုံးကွယ်ထားတဲ့ အင်အားကြီးကွန်ယက်ကြီးကို မနိုင်မနင်းဖြစ်သွားမလားဆိုတာ… လူ့စိတ်ရဲ့ အလင်းနဲ့အမှောင်ကြားမှာ တရားမျှတမှုအတွက် ဘယ်လောက်ထိ တိုက်ပွဲဝင်နိုင်မလဲဆိုတာကို မေးခွန်းထုတ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် Filesize : 1.64 GB / 835 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Crime Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း