ဇာတ်ကားများ ရွေးရန်

The Chase

2017ဇာတ်ကားအမှတ် 6.7/10110 မိနစ်

The Chase (2017) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် အချိန်ပေးရတန်ပြီး plot twist တွေပါတဲ့ Thriller, Mystery ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ ဝါရင့်သမာရင့်မင်းသားကြီးများ ဖြစ်ကြတဲ့ " Vagabond" မှ Baek Yoon-Sik နဲ့ " Reply 1988" မှ Sung Dong-Il တို့ အဓိကပါဝင်ထားပြီး Bae Jong-Ok ၊ Cheon Ho-Jin တို့လို့ သရုပ်ဆောင်ကြီးများပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ အာရီဒုံမှာ တိုက်ခန်းပိုင်ဆိုင်ထားတဲ့ ရှင်းဒေါ့ဆူ (Baek Yoon-Sik ) ဟာ အိမ်ငှားတွေကို အိမ်လခ မညှာမတာ တောင်းတတ်တဲ့ မျက်နှာထားဆိုးတဲ့ အိမ်ပိုင်ရှင်ဆိုပြီး နာမည်ကြီးဆိုးနဲ့ ကျော်ကြားသူပါ ။ တစ်နေ့မှာတော့ သူတို့ရပ်ကွက်ထဲက လူကြီးတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆဖြစ်ပြီး သေသူကသေ ပျောက်သူက ပျောက်နဲ့ ဖြစ်လာပါတယ် ။ ဒီအချိန်မှာပဲ ဘတ်ဖြောင်းဒါလ် (Sung Dong-Il) ဆိုတဲ့ စုံထောက်ဟောင်း တစ်ယောက်က ရုတ်တရက် ရှင်းဒေါ့ဆူနဲ့ ဆုံမိရာကနေ လူကြီးတွေ သေဆုံးမှုက မတော်တဆ လူသေမှုဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကလိုပဲ ကွင်းဆက်လူသတ်မှုဖြစ်ကြောင်း ပြောပြီး အမှုကို အတူစုံစမ်းဖို့ ရှင်းဒေါ့ဆူကို ကမ်းလှမ်းလာတဲ့အခါမှာတော့ .... ပိုက်ဆံတစ်မျက်နှာပဲကြည့်ပြီး မျက်နှာထားဆိုးတဲ့ ရှင်းဒေါ့ဆူ တစ်ယောက် အတူပူးပေါင်းပြီး တရားခံကို ရှာသွားမလား ..... လွန်ခဲ့တဲ့ နှစ် ၃၀ က အမှုနဲ့ရော ဘယ်လိုတွေ ဆက်စပ်နေမလဲဆိုတာကို .... ဟာသနှောပြီး ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။ File size…1.83GB / 891MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 50 min. Genre ….. Thriller, Mystery, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း