Calle Malaga
Calle Málaga (2025) +++++++++++ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ Calle Málaga ရုပ်ရှင်ဟာ အသက်အရွယ်ရလာပေမယ့် ကိုယ့်ဘဝကိုယ် ပိုင်ပိုင်နိုင်နိုင် ရှင်သန်ချင်တဲ့ အမျိုးသမီးကြီးတစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ တကယ့်ကို ရင်ဘတ်ထဲထိစေမယ့် Drama ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာ မာရီယာ (María Ángeles) ဆိုတဲ့ အသက် ၇၉ နှစ်အရွယ် အဖွားအိုတစ်ယောက်က ဇာတ်လိုက်ပေါ့။ သူက မော်ရိုကိုနိုင်ငံ၊ တန်ဂျီယာ (Tangier) မြို့က စပိန်ရပ်ကွက်လေးမှာ တစ်ယောက်တည်း အေးအေးဆေးဆေး နေထိုင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ စပိန်မှာ အခြေချနေတဲ့ သူ့သမီး ကလာရာ (Clara) က ရောက်လာပြီး မာရီယာ နေနေတဲ့ အိမ်ကြီးကို ရောင်းပစ်ဖို့ လုပ်ပါလေရော။ သမီးဖြစ်သူက အမေဖြစ်သူကို သူ့ဆီ (စပိန်) လိုက်ခဲ့ဖို့၊ ဒါမှမဟုတ် ဘိုးဘွားရိပ်သာမှာ သွားနေဖို့ ဖိအားပေးတဲ့အခါမှာတော့... သူက သူ့အိမ်ကို မစွန့်လွှတ်နိုင်ဘူး။ ဒါကြောင့် ဘိုးဘွားရိပ်သာကို ခဏသွားနေသလို ဟန်ဆောင်ပြီး သမီးဖြစ်သူ ပြန်သွားတာနဲ့ အိမ်ကို ခိုးပြန်လာပါတယ်။ အိမ်က အချည်းနှီးဖြစ်နေပြီး အရောင်းတင်ထားတာဆိုတော့ အိမ်ဝယ်မယ့်သူတွေ လာကြည့်ရင် သူက ပုန်းနေရတာပေါ့။ ရောင်းလိုက်ရတဲ့ သူ့ရဲ့ ပရိဘောဂဟောင်းတွေကိုလည်း တစ်ခုချင်းစီ ပြန်လိုက်ဝယ်ပါတယ်။ ဒီကြားထဲမှာ ရှေးဟောင်းပစ္စည်းရောင်းတဲ့သူ အက်ဘ်စလမ် (Abslam) နဲ့ မထင်မှတ်ဘဲ သံယောဇဉ်တွေဖြစ်ပြီး အသက်ကြီးမှ အချစ်သစ်ကိုပါ ပြန်တွေ့ရတာပါ။ နာမည်ကြီး စပိန်မင်းသမီးကြီး Carmen Maura က မာရီယာအဖြစ် တကယ့်ကို ပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။ အသက်ကြီးပေမယ့် ရှင်သန်လိုစိတ်အပြည့်ရှိတာကို မြင်ရမှာပါ။ ဒီကားက ဝမ်းနည်းစရာသက်သက် မဟုတ်ပါဘူး။ ဟာသလေးတွေလည်း ပါသလို၊ အသက်အရွယ်ရလာပေမယ့် ကိုယ့်ရဲ့ စိတ်ဆန္ဒ (Desire) တွေက ပျောက်မသွားဘူးဆိုတာကို တင်ဆက်ထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ Venice Film Festival မှာတင် Audience Award (ပရိသတ်အကြိုက်ဆုံးဆု) ကို ရထားတဲ့ကားဆိုတော့ Quality ကတော့ ပြောစရာမလိုပါဘူး။ ဒီဇာတ်ကားက "လူဆိုတာ အသက်ကြီးသွားရုံနဲ့ ဘဝကို လက်လျှော့လိုက်ဖို့ မလိုဘူး" ဆိုတဲ့ Message ကို အရမ်းလှလှပပလေး ပေးသွားတာပါ။ File Size… (1.24B) / (709MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 56m Genre ….Drama , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း