Dead Man's Wire
Dead Man's Wire (2026) IMDb Rating (6.8) / Rotten Tomatoes (91%) ဒီကားက ၁၉၇၇ ခုနှစ်မှာ တကယ်ဖြစ်ခဲ့တဲ့ Tony Kiritsis ဆိုတဲ့ လူတစ်ယောက်ရဲ့ ထူးထူးဆန်းဆန်း ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန်ကို ရိုက်ထားတာပါ။ Gus Van Sant က ဒါရိုက်တာလုပ်ထားပြီး မင်းသား Bill Skarsgård က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါတယ်။ တော်တော်လေးကို ရူးကြောင်ကြောင် နဲ့ ဒေါသထွက်နေတဲ့ လူတစ်ယောက်ရဲ့ ပုံစံကို ကွက်တိသရုပ်ဆောင်ထားပါတယ်။ ဝါရင့်မင်းသားကြီး Al Pacino ကလည်း ကုမ္ပဏီပိုင်ရှင်ကြီးအဖြစ် ခဏတဖြုတ် ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရိုးရိုးလေးပါပဲ၊ ဒါပေမဲ့ လုပ်ပုံကိုင်ပုံက တော်တော်ကြောက်ဖို့ကောင်းသလို တစ်ဖက်ကလည်း ရယ်ချင်စရာပါ။ Tony Kiritsis ဆိုတာ မြေကွက်တွေဝယ်ပြီး စီးပွားရေးလုပ်ဖို့ ကြိုးစားနေတဲ့သူပေါ့။ ဒါပေမဲ့ Meridian Mortgage ကုမ္ပဏီက သူ့ကို မတရားလုပ်ပြီး မြေကွက်ကို သိမ်းလိုက်တယ်လို့ သူက ယူဆပါတယ်။ ဒီတော့ သူက ဘာလုပ်လဲဆိုတော့... ကုမ္ပဏီဥက္ကဋ္ဌရဲ့သား Richard Hall (Dacre Montgomery) ကို ကုမ္ပဏီရုံးခန်းထဲမှာတင် သေနတ်နဲ့ ချိန်ပြီး ပြန်ပေးဆွဲလိုက်တာပါ။ သေနတ်ကို ဒီတိုင်းချိန်ရုံတင် မဟုတ်ဘူး။ "Dead Man's Wire" လို့ ခေါ်တဲ့ ဝါယာကြိုးတစ်ချောင်းနဲ့ သေနတ်မောင်းတံကို ဓားစာခံရဲ့ လည်ပင်းမှာ ပတ်ချည်ထားတာ။ ဆိုလိုတာက ရဲတွေက Tony ကို ပစ်-တ်လိုက်ရင်ဖြစ်ဖြစ်၊ တစ်ယောက်ယောက်က လုရင်ဖြစ်ဖြစ် အဲ့ဒီကြိုးက ဆွဲမိပြီး သေနတ်ကျည်ထွက်သွားမှာပါ။ ဒီလိုနဲ့ တစ်မြို့လုံးကို ခြောက်ခြားသွားစေတဲ့ ၆၃ နာရီကြာ စတိတ်ရှိုးကြီး စတင်ပါတော့တယ်။ Tony က ပိုက်ဆံထက် ကုမ္ပဏီက သူ့ကို လူသိရှင်ကြား တောင်းပန်ဖို့နဲ့ သူ့ကြွေးမြီတွေ အကုန်လုံး လျော်ပေးဖို့ပဲ တောင်းဆိုတာပါ။ မီဒီယာတွေကလည်း ဒီကိစ္စကို တိုက်ရိုက်ထုတ်လွှင့်တော့ တစ်နိုင်ငံလုံးက သူလုပ်သမျှကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြရတာပေါ့။ ဇာတ်လမ်းက ၇၀ ခုနှစ်တွေရဲ့ အငွေ့အသက်ကို အပြည့်အဝပေးထားပြီး Dog Day Afternoon လို ကားမျိုးတွေကို ကြိုက်တဲ့သူဆိုရင် တော်တော်လေး သဘောကျမယ့် ကားမျိုးပါ။ File size… (2.2 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Crime, Drama, History Duration…. 01:45:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း