ဇာတ်ကားများ ရွေးရန်

The Lost Daughter

2025ဇာတ်ကားအမှတ် 5.0/10118 မိနစ်

တရုတ်လူမျိုးတွေရဲ့ သားယောင်္ကျားလေးမွေးမှသာမြတ်တယ်ဆိုတဲ့အစွန်းရောက်တဲ့အယူတစ်ခုရဲ့ သားကောင်းတွေဖြစ်ခဲ့ကြရတဲ့ မိသားစုအကြောင်းဒရာမာလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မိုးသက်မုန်တိုင်းတစ်ခုနဲ့စတင်ပါတယ်။ ကျောင်းကအပြေးပြိုင်ပွဲတစ်ခုမှာ ထန်ဖျင်အန်းဆိုတဲ့ကောင်လေးဟာ ရုတ်တရက်လဲကျသွားရာကနေ သွေးကင်ဆာဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ သူ့ကိုကယ်တင်နိုင်မယ့်တစ်ခုတည်းသောနည်းလမ်းက မောင်နှမအရင်းအချာဆီကနေ ရိုးတွင်းချဉ်ဆီအစားထိုးကုသဖို့ပါပဲ။ ဒီသတင်းက အမေဖြစ်တဲ့ လီမေ အတွက် လွန်ခဲ့တဲ့(၁၀)နှစ်က သူလုပ်ခဲ့တဲ့အမှားတစ်ခုကိုပြန်ပေးဆပ်ခိုင်းတဲ့ ပြစ်ဒဏ်တစ်ခုလိုဖြစ်လာပါတယ်။ ၁၉၇၉ခုနှစ်ကနေ ၂၀၁၅ခုနှစ်ထိတည်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ သားဆက်ခြားမူဝါဒ One-child policyကြောင့် သားယောင်္ကျားလေးလိုချင်တဲ့ လီမေတို့လင်မယားက သူ့ရဲ့သမီးဦးလေးကို ဝေးလံတဲ့မြို့မှာရှိတဲ့ဆွေမျိုးတွေဆီကိုပေးပစ်ခဲ့ကြပါတယ်။ သားငယ်ဖြစ်တဲ့သူက သွေးကင်ဆာဖြစ်တဲ့အခါမှ ဒီအဆက်အသွယ်ပြတ်နေတဲ့ သမီးကိုလိုအပ်လာတဲ့အခါ ဒီသမီးလေးကပဲ မိသားစုရဲ့နောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်လာတဲ့အခါ...... သူတို့တွေဟာအချင်းချင်းမိတ်ဖွဲ့ကြတယ်။ အချင်းချင်းစမ်းသတ်ကြတယ်။ အချင်းချင်းအသုံးချကြတယ်။ နောက်ဆုံးရည်ရွယ်ချက်ကတော့အိမ်ကိုပြန်ဖို့ပါပဲ။ သမီးဖြစ်သူရဲ့အိမ်ဆိုတာကရော...... ဘယ်နေရာဖြစ်မလဲ...... Filesize : 1.67 GB / 891 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း