A Lifetime of Love
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘာအကြောင်းတွေကြောင့်မတူညီကြရတာလဲ ?တစ်ယောက်က လက်လျှော့လိုက်တော့ဖို့လုပ်နေချိန် အခြားတစ်ယောက်က သတ္တိတွေစု အားတင်းလို့ ကြိုးစားကာ ဘဝရဲ့အရသာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်… ဆောင်းရာသီရဲ့နှင်းစက်ဖြူဖြူလေးတွေနဲ့ဖုံးလွှမ်းထားတဲ့ Xinjiang ရဲ့တိတ်ဆိတ်ကျယ်ပြောတဲ့သဘာဝအလှကိုနောက်ခံထားပြီးတော့ လူနှစ်ဦးရဲ့စိတ်ဒဏ်ရာတွေ အမှတ်တရမှတ်ဉာဏ်တွေကို သိမ်မွေ့နက်ရှိုင်းစွာပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်… ဘဝရဲ့ဖိအားတွေနာကျင်မှုတွေကိုခံစားနေရပြီး အားလုံးကနေ ထွက်ပြေးချင်စိတ်နဲ့ အေးခဲတဲ့နှင်းပြင်အလယ်ကို ရောက်လာပြီးတော့ ဘဝမှာရပ်တည်ဖို့ကြိုးစားရင်း ယုံအန်းမြို့မှာ အိမ်ငှားဖို့လုပ်ရာကနေ ရှန့်ထိုက်ယန်ဆိုတဲ့ အဘိုးကြီးနဲ့သိလာခဲ့ကြတဲ့ အသက်၂၃နှစ်အရွယ် ကောင်မလေး ဖန်ယီမြောင် ... အတိတ်ကိုမေ့မရသေးဘဲ စာလေးတစ်စောင်ထဲမှာ အမှတ်တရတွေကို ပိတ်သိမ်းထားတဲ့ အဘိုးအိုရှန့်ထိုက်ယန်… ရှန့်ထိုက်ယန်ဟာ တအားကိုချေးများလွန်းပြီး အပြောအဆိုကလည်း ဘုဘောက်မလို့ တော်ရုံ သူ့အခန်းကို ဘယ်သူမှငှါးမနေရဲကြပါဘူး… ဒါပေမဲ့လည်း ဖန်းယီမြောင်တစ်ယောက် အိမ်ငှားစရိတ်သက်သာတဲ့ ရှန့်ထိုက်ယန်ရဲ့အိမ်မှာငှားနေကာ စာပို့အလုပ်သစ်ကို လုပ်ရင်းကနေပြီး ပေရှန်းရွာလေးဆီကိုပို့ဖို့ပေမဲ့ လိပ်စာမရှိတဲ့ စာလေးကို ဖတ်ကြည့်မိလိုက်တဲ့အခါမှာတော့ အတိတ်က ချစ်သူနှစ်ဦးရဲ့ဇာတ်ကြောင်းလေးကို သိလိုက်ရပြီးတော့ ဘဝရဲ့ သာယာငြိမ့်ညောင်းလှတဲ့ တေးလေးတစ်ပုဒ်ကို ရှင်သန် သင့်မြတ် အဆုံးသတ်ခြင်းတို့ရဲ့ကြား ဘယ်လိုကုစားမှုသံစဉ်တွေနဲ့အတူ ဖြတ်ကျော်သွားနိုင်ကြမလဲ ? ဒီဇာတ်လမ်းလေးဟာ စိတ်ထဲမှာနွေးထွေးတဲ့ခံစားချက်တစ်ခု ကျန်ရစ်နေမဲ့ Healing ဒရာမာလေးတစ်ပုဒ်ဖြစ်ပြီး အတိတ်ကို လွှတ်ချချင်သူ ဘဝကိုပြန်စတင်ချင်သူ တိတ်ဆိတ်မှုထဲကအဓိပ္ပာယ်ကို ရှာဖွေချင်သူတိုင်း မဖြစ်မနေကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် Filesize : 945 MB / 514 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance, Drama, and Family Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း