ဇာတ်ကားများ ရွေးရန်

Takkar

2023ဇာတ်ကားအမှတ် 7.0/10138 မိနစ်

စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဂွန်ဇ်မှာ သန်းကြွယ်သူဌေး ဖြစ်ချင်တဲ့အိပ်မက် ရှိပါတယ်။ ဆင်းရဲတဲ့ဘဝမှာ မွေးလာခဲ့ပေမယ့် ဒီဘဝနဲ့ပဲ အဆုံးမသတ်ချင်တဲ့စိတ်နဲ့ မြို့တက်ပြီး အလုပ်ရှာလုပ်တော့တယ်။ ဒါပေမယ့် ဆတ်ဆတ်ထိမခံတတ်တဲ့သူ့အကျင့်ကြောင့် ဝင်လုပ်သမျှအလုပ်တွေမှာ အလုပ်ပြုတ်လိုက်၊ ကိုယ်တိုင်ထွက်လိုက်နဲ့ တက္ကစီမောင်းတဲ့အလုပ်ရမှပဲ အတည်တကျ ဖြစ်လာပါတယ်။ တက္ကစီမောင်းရင်း ဂွန်ဇ်ဟာ မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တဲ့ဂိုဏ်းတစ်ခုနဲ့ ငြိသွားတယ်။ ဒီဂိုဏ်းက ပြန်ပေးဆွဲခံရသူရဲ့ မိဘတွေနဲ့ လူကုန်ကူးသူတွေကို ဈေးအပြိုင်ပေးခိုင်းတာပါ။ ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက် ပါလာတဲ့အခါ သူဘယ်လို ရှေ့ဆက်မလဲ၊ သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ အိပ်မက်ကရော တကယ်ဖြစ်လာနိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။ ၂၀၂၃ ခုနှစ်ထွက် တမီးလ်စကားပြော အချစ်အက်ရှင်ကားဖြစ်ပြီး ဆစ်ဒါးသ်၊ ဒေ့ဗ်ယန်ကာနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူတို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း