Orphan
Orphan (2025) IMDb Rating (6.5) / Rotten Tomatoes (60%) ဒီကားလေးက Son of Saul လို အော်စကာဆုရ ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ ဟန်ဂေရီ ဒါရိုက်တာ လတ်စလို နေမက်စ် (László Nemes) ရဲ့ ၂၀၂၅ ခုနှစ်ထွက် သမိုင်းဝင် ဒရာမာ ဇာတ်ကားသစ်လေးပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ၁၉၅၇ ခုနှစ်၊ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့မှာ အခြေတည်ထားတယ်။ အဲဒီအချိန်က ဆိုဗီယက်ကွန်မြူနစ်တွေကို ဆန့်ကျင်တဲ့ ဟန်ဂေရီ တော်လှန်ရေးကြီး ကျရှုံးပြီးစ အချိန်ပေါ့။ အဓိက ဇာတ်ကောင်က အန်ဒေါ (Andor) ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးပါ။ သူက အမေဖြစ်သူ ကလာရာ (Klára) နဲ့ နှစ်ယောက်တည်း နေထိုင်ပြီး ဒုတိယကမ္ဘာစစ်တုန်းက နာဇီချွေးတပ်စခန်းမှာ ပျောက်ဆုံးသွားတဲ့ သူ့အဖေကို သူရဲကောင်းတစ်ယောက်လို ကိုးကွယ်ယုံကြည်ထားတဲ့သူပေါ့။ တစ်နေ့ကျတော့ ဘီရန် (Berend) ဆိုတဲ့ သားသတ်သမား တစ်ယောက် သူတို့ဆီ ရောက်လာတယ်။ ဘီရန်က ဒုတိယကမ္ဘာစစ်တုန်းက ကလာရာကို နာဇီတွေလက်ကနေ ပိုက်ဆံယူပြီး ပုန်းအောင်းခွင့်ပေးခဲ့တဲ့သူ ဖြစ်သလို၊ အန်ဒေါရဲ့ အဖေအရင်းက သူပါဆိုပြီး ပေါ်လာတာပါ။ ဒါပေမဲ့ အန်ဒေါကတော့ ဒီလို ကြမ်းတမ်းပြီး အကျင့်စရိုက်မကောင်းတဲ့သူကို သူ့အဖေဆိုတာ လုံးဝ လက်မခံနိုင်ပါဘူး။ ဘီရန်က သူတို့အိမ်မှာ ဝင်နေပြီး အမေဖြစ်သူနဲ့ ရင်းနှီးလာတဲ့အခါ အန်ဒေါတစ်ယောက် သူ့အဖေအရင်းဆိုသူကို အမုန်းကြီး မုန်းလာပါတော့တယ်။ အဆုံးမှာတော့ အန်ဒေါက သူ့မိသားစုကို ဒီလူ့လက်ကနေ ကယ်တင်ဖို့ ခိုးထားတဲ့ သေနတ်တစ်လက်နဲ့ အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။ ဒီကားက 35mm ဖလင်နဲ့ ရိုက်ကူးထားပြီး စစ်ပြီးခေတ်ရဲ့ အငွေ့အသက်တွေကို သမိုင်းဝင် ဓာတ်ပုံဟောင်းကြီးတစ်ပုံကို ကြည့်နေရသလို ခံစားရအောင် ဖန်တီးထားတာ တွေ့ရတယ်။ ဇာတ်လမ်းသွားကတော့ နည်းနည်းလေး နှေးတယ်လို့ ခံစားရနိုင်ပေမဲ့၊ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေ၊ စစ်ပွဲရဲ့ အနိဋ္ဌာရုံနဲ့ မိသားစု ပြဿနာတွေကို လေးလေးနက်နက် တွေးတောခံစားချင်သူတွေအတွက်တော့ သဘောကျမယ့် ဇာတ်ကားကောင်း တစ်ကားပါ။ သမိုင်းနောက်ခံ အဲဒီအချိန်တုန်းက ဟန်ဂေရီနိုင်ငံဟာ ဆိုဗီယက် (ရုရှား) ရဲ့ လက်အောက်ခံ ကွန်မြူနစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာပါ။ ပြည်သူတွေက စီးပွားရေးကျပ်တည်းတာတွေ၊ လွတ်လပ်ခွင့် လုံးဝမရှိတာတွေ၊ ပြီးတော့ ပြည်တွင်းလုံခြုံရေးရဲ (ÁVH) တွေရဲ့ ရက်ရက်စက်စက် ဖိနှိပ်ဖမ်းဆီးမှုတွေကို တော်တော်လေး နာကြည်းနေကြတဲ့အချိန်ပါ။ ဒီလိုနဲ့ ၁၉၅၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာ ဘူဒါပက်မြို့က ကျောင်းသားတွေက စပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြရာကနေ၊ လူထုကြီးတစ်ခုလုံး ပါဝင်လာတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ တော်လှန်ရေးကြီး ဖြစ်လာခဲ့တာပါ။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရာကနေ အခြေအနေက တင်းမာသွားပြီး အစိုးရနဲ့ ပြည်သူကြား လက်နက်ကိုင် တော်လှန်တဲ့အထိ ဖြစ်သွားတယ်။ ပထမပိုင်းမှာတော့ တော်လှန်ရေးသမားတွေ အောင်ပွဲခံနိုင်ခဲ့တယ်လို့ ပြောရမယ်။ ပြည်သူတွေက အစိုးရအဆောက်အအုံတွေကို သိမ်းပိုက်လိုက်နိုင်တယ်။ အဲဒီနောက် ပြည်သူတွေ လိုလားတဲ့ အင်မရီ နာဂျီ (Imre Nagy) ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးသမား ခေါင်းဆောင်တစ်ယောက် ဝန်ကြီးချုပ် ဖြစ်လာတယ်။ သူက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ကြေညာတယ်။ အဓိက အရေးအကြီးဆုံးကတော့ ဟန်ဂေရီကို ဆိုဗီယက်ဦးဆောင်တဲ့ စစ်မဟာမိတ်အဖွဲ့ (Warsaw Pact) ကနေ နှုတ်ထွက်ပြီး ကြားနေနိုင်ငံအဖြစ် နေမယ်လို့ ကမ္ဘာကို ကြေညာလိုက်တာပါပဲ။ ဆိုဗီယက်တွေက ဒီလို အခြေအနေကို လုံးဝ အဖြစ်မခံနိုင်ဘူး။ တခြား အရှေ့ဥရောပ နိုင်ငံတွေပါ အတုယူပြီး ပုန်ကန်ကြမှာကို ကြောက်သွားတယ်။ ဒါကြောင့် နိုဝင်ဘာ ၄ ရက်နေ့မှာတော့ ဆိုဗီယက်တပ်နီတော်က တင့်ကားတွေ၊ စစ်သားအင်အား အလုံးအရင်းနဲ့ ဘူဒါပက်မြို့ထဲကို ဝင်ရောက်ပြီး တော်လှန်ရေးကို ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းပါတော့တယ်။ ဟန်ဂေရီ ပြည်သူတွေက ရရာလက်နက်နဲ့ ခုခံခဲ့ကြပေမဲ့၊ အင်အားချင်း အရမ်းကွာလွန်းတော့ ရက်ပိုင်းအတွင်းမှာပဲ တော်လှန်ရေးကြီး ကျရှုံးသွားခဲ့ရတယ်။ ဒီအရေးအခင်းအတွင်းမှာ ဟန်ဂေရီပြည်သူ ၂,၅၀၀ ကျော်လောက် သေဆုံးခဲ့ပြီး၊ လူပေါင်း ၂ သိန်းလောက်က နိုင်ငံရေးခိုလှုံခွင့်နဲ့ တခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရတယ်။ ဝန်ကြီးချုပ် အင်မရီ နာဂျီ ကိုလည်း ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်တယ်။ အဲဒီနောက်မှာတော့ ဆိုဗီယက် လိုလားတဲ့ ဂျားနို့စ် ကာဒါ (János Kádár) ရဲ့ အစိုးရသစ် တက်လာပြီး ဟန်ဂေရီပြည်သူတွေ အပေါ် ပြင်းပြင်းထန်ထန် ပြန်လည် ဖိနှိပ်ပါတော့တယ်။ စောစောက ပြောခဲ့တဲ့ Orphan (Árva) ရုပ်ရှင်က ဒီတော်လှန်ရေးကြီး ပြီးစ ၁၉၅၇ ခုနှစ်၊ လူတွေ ကြောက်ရွံ့ စိုးရိမ်စိတ်တွေ၊ နိုင်ငံရေးအရ ဖမ်းဆီးခံရမှာ ကြောက်ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရတဲ့ အချိန်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတာမို့လို့ ဇာတ်လမ်းက ပိုပြီး လေးနက်နေတာပါ။ File size… (1.6 GB) / (1.5 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:12:23 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း