ဇာတ်ကားများ ရွေးရန်

I Don't Love You Anymore

2026ဇာတ်ကားအမှတ် 7.0/1073 မိနစ်

I Don't Love You Anymore (2026) IMDb Rating (6.6) ဒီဇာတ်ကားက လျှို့ဝှက်ချက်တွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ရတာ ဝါသနာပါတဲ့ Mystery ပရိသတ်တွေအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားပါ။ ကြာချိန် တိုတောင်းပေမဲ့ အချိန်တိုင်းမှာ စိတ်လှုပ်ရှားစရာ Tension တွေ ပြည့်နှက်နေအောင် ဖန်တီးထားပါတယ်။ ဖြစ်ရပ်တစ်ခုတည်းကို ရှုထောင့်အမျိုးမျိုးကနေ ရိုက်ပြထားလို့ ဘယ်သူပြောတာ အမှန်လဲဆိုတာကို ပရိသတ်က ဦးနှောက်စားပြီး လိုက်တွေးရမှာပါ။ သာမန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုက အိမ်တစ်အိမ်ရဲ့ ရေကူးကန်ထဲမှာ အမည်မသိ အိမ်ယာမဲ့ လူတစ်ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ရာကနေ ဇာတ်လမ်းစတင်ပါတယ်။ သာမန်အားဖြင့်တော့ ဒါဟာ မတော်တဆမှုတစ်ခုလို့ ထင်ရပေမဲ့ ရဲတွေ စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ အိမ်ရှင်လင်မယားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေက တခြားစီ ဖြစ်နေပါတယ်။ ဒီဇာတ်ကားဟာ ဂန္ထဝင် "Rashomon Effect" (ဖြစ်ရပ်တစ်ခုကို လူ ၃ ယောက်က ပုံစံအမျိုးမျိုးနဲ့ ပြန်ပြောပြခြင်း) ကို အသုံးချပြီး အဲဒီညက ဖြစ်ရပ်ကို အပိုင်းအစလေးတွေအဖြစ် ပြန်လည်ပြသထားပါတယ်။ သေနတ်မောင်းကို ဖြည်းဖြည်းချင်း ညှစ်လိုက်တဲ့ အချိန်အတောအတွင်းမှာပဲ သူတို့နှစ်ဦးရဲ့ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ၊ အချစ်နဲ့ သစ္စာဖောက်မှုတွေက တစ်လွှာချင်းစီ ရုပ်လုံးပေါ်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကားဖြစ်ပါတယ်။ File size… (610 MB) / (450 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Thriller Duration…. 01:12:32 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း