ဇာတ်ကားများ ရွေးရန်

Snowflowers: Seeds of Hope

2025ဇာတ်ကားအမှတ် 7.5/10117 မိနစ်

Snowflowers: Seeds of Hope (2025) ဂျပန်နိုင်ငံရဲ့ ၁၉ စုနှစ်အချိန်ကာလမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာကားလေးဖြစ်ပါတယ်။ ၁၈၄၀ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ကျောက်ရောဂါဟာ ကြောက်မက်ဖွယ်ကူးစက်ပျံ့နှံ့နေပြီး လူပေါင်းများစွာ သေကြေခဲ့ရပါတယ်။ အထူးသဖြင့်တော့ ကလေးတွေပေါ့။ အဲဒီအချိန်မှာ ဖူကူအိနယ်က သမားတော်တစ်ဦးဖြစ်တဲ့ ခါဆာဟာရာဟာ ဒီကပ်ဆိုးကြီးကို အမြစ်ပြတ်တိုက်ဖျက်ဖို့အတွက် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ သူဟာ တိုင်းရင်းဆေးနည်းပညာနဲ့ ကုသနည်းရှာဖွေရင်း နည်းလမ်းမတွေ့တဲ့အခါမှာ အနောက်တိုင်းဆေးပညာကိုပါ လေ့လာခဲ့ပြီး နွားကျောက်နည်းပညာကို အသုံးပြုပြီးတော့ ကာကွယ်ဆေးထိုးပေးလို့ရနိုင်တာကို သိလာခဲ့တဲ့အခါမှာတော့ ......... တိုင်းရင်းဆေးပညာကိုပဲ ယုံကြည်ကြတဲ့ အမြင်မတူတဲ့လူတွေကြားမှာ အနောက်တိုင်းနည်းပညာနဲ့ ကျောက်ရောဂါကို တားမြစ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားလုပ်ကိုင်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါဦးနော် .. File size…1.69GB / 818MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Historical, Life, Drama, Medical Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း