ဇာတ်ကားများ ရွေးရန်

Unreachable

2025ဇာတ်ကားအမှတ် 7.7/10126 မိနစ်

Unreachable (2025) "လူဆိုတာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားရင်တောင် သံယောဇဉ်ကြိုးလေးနဲ့ ဆက်သွယ်နေဆဲပါပဲ..." J-Drama ချစ်သူတွေ၊ အထူးသဖြင့် ဂျပန်မင်းသမီးချောလေးတွေရဲ့ Fan တွေအတွက် လုံးဝကို အမိုက်စား ဇာတ်ကားသစ်လေး "Unreachable" (သို့) "Kataomoi Sekai" နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာဆိုရင် ပရိသတ်အချစ်တော် ဂျပန်မင်းသမီးချောလေး ၃ ယောက်ဖြစ်တဲ့ Suzu Hirose, Hana Sugisaki နဲ့ Kaya Kiyohara တို့က အဓိက ခေါင်းဆောင်ပါဝင်ထားသလို၊ ဆရာကြီး Nobuhiro Doi က ရိုက်ကူးပြီး နာမည်ကြီး ဇာတ်ညွှန်းဆရာ Yuji Sakamoto က ဖန်တီးပေးထားတာပါ။ ဒါ့အပြင် မင်းသားချော Ryusei Yokohama လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့... တိုကျိုမြို့ရဲ့ ထောင့်တစ်နေရာက အိမ်အဟောင်းလေးတစ်လုံးမှာ အတူတူနေထိုင်ကြတဲ့ အမျိုးသမီးငယ်လေး ၃ ယောက် (မီဆာကီ၊ ယူကာ နဲ့ ဆာကူရာ) အကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့ ၃ ယောက်ဟာ ဆွေမျိုးသွေးသားတွေ မဟုတ်ကြပေမယ့်၊ နှစ်ပေါင်း (၁၂) နှစ်တိုင်တိုင် ဘယ်လိုအခက်အခဲတွေပဲလာလာ အချင်းချင်း ဖေးမကူညီပြီး ခိုင်မာတဲ့ သံယောဇဉ်ကြိုးတွေနဲ့ ရစ်ပတ်ထားကြတဲ့ မိသားစုလို သူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။ နေ့ဘက်ဆို အလုပ်ကိုယ်စီသွားကြပြီး ညဘက်ဆို အတူတူ ထမင်းစား၊ အတူတူ အိပ်ကြတဲ့အထိ ရင်းနှီးကြတာပါ။ ဒါပေမဲ့ ဒီလို သာယာဖြည်းညင်းတဲ့ ဘဝလေးရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ သူတို့တွေ အပြင်ထွက်တဲ့အခါ ပတ်ဝန်းကျင်က လူတွေက သူတို့ကို မမြင်ရသလို၊ သူတို့ရဲ့ ဘဝပုံစံကလည်း ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေသလို ဖြစ်နေပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် သူတို့ ၃ ယောက်ဟာ သာမန်လူတွေနဲ့မတူတဲ့ ကမ္ဘာလေးတစ်ခုထဲမှာ ပိတ်မိနေခဲ့တာပါ။ ခေါင်းစဉ် "Unreachable / Kataomoi Sekai" (တစ်ဖက်သတ် ကမ္ဘာ) ဆိုတဲ့အတိုင်း... သူတို့သုံးယောက်ရဲ့ ရင်ဘတ်ထဲက ဖွင့်မပြောဖြစ်တဲ့ "တစ်ဖက်သတ် အချစ်" ခံစားချက်တွေက ဘာတွေများဖြစ်မလဲ။ အတိတ်က ဘယ်လို အဖြစ်အပျက်တွေက သူတို့ကို ဒီလို အခြေအနေထိ ရောက်သွားစေတာလဲဆိုတာကို လှပတဲ့ ရိုက်ချက်တွေ၊ သိမ်မွေ့တဲ့ ခံစားချက်တွေနဲ့အတူ ဆွေးဆွေးမြည့်မြည့် ကြည့်ရှုခံစားရမှာပါ။ သာမန် Slice of life ကားလေးလို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ Fantasy လေးပါ စွက်ထားတာမို့... အေးအေးချမ်းချမ်းနဲ့ ရင်ထဲကို ထိရှသွားစေမယ့် J-Drama ကားကောင်းလေးတစ်ကားအဖြစ် အချိန် ၂ နာရီ ၆ မိနစ်စာ ပေးရကျိုးနပ်အောင် လက်မလွှတ်တမ်း ရှုစားလိုက်ကြဖို့ တိုက်တွန်းပါရစေဗျာ။ File size…1.82GB / 882MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 6 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း