ဇာတ်ကားများ ရွေးရန်

Ginseng King

2025ဇာတ်ကား

တောင်တန်းတွေကြားထဲမှာ ဖုံးကွယ်ထားတဲ့ အပြစ်၊ အမှား၊ အနာဂတ်နဲ့ အတိတ်ကြား ဆက်နွယ်မှုတွေကို ထိုးထွင်းပြသထားတဲ့ Ginseng King ဆိုတဲ့ folk-suspense အမျိုးအစားရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ် နှစ်ပေါင်း ၃၀ အကြာ အတိတ်နဲ့ လက်ရှိကို တစ်ပြိုင်နက်တည်း ချိတ်ဆက်ပြီး ဇာတ်အိမ်လေးတည်ထားပါတယ်… အတိတ်မှာတော့ လုံအာ့ခွေဟာ တောင်တန်းအတွင်းမှာရှိတဲ့ အနာကြီးရောဂါသည်ကုဆေးရုံကို ကယ်တင်ဖို့ ကြိုးစားရာကနေ အသားလင်ဇီးကို မှားယွင်းအသုံးချမိခဲ့တာကြောင့် မထင်မှတ်ထားတဲ့ သံသရာဆိုးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်…သူ့ရဲ့ ကောင်းစေချင်တဲ့ စိတ်ရင်းကပဲ အလွဲသုံးစားဖြစ်သွားပြီး လူပေါင်းများစွာကို ထိခိုက်စေခဲ့သလို သူကိုယ်တိုင်လည်း အပြစ်နဲ့ နေထိုင်ရတဲ့ လူတစ်ယောက်ဖြစ်သွားပါတယ် ဒီအဖြစ်အပျက်ဟာ အကြောင်းအရင်းရှင်းရှင်းလင်းလင်းမဟုတ်သလို ဖုံးကွယ်ထားတဲ့ အရာတစ်ခုခု ရှိနေသလို ခံစားရစေပြီး ဘယ်လို suspense ပုံစံနဲ့ဆွဲခေါ်သွားမလဲဆိုတာကိုတော့… နှစ်ပေါင်း ၃၀ ကြာပြီးနောက် လုံအာ့ခွေဟာ သူ့ရဲ့တပည့် လင်ယောင်ရှန်းနဲ့အတူ တောင်ထဲကို ပြန်လည်ဝင်ရောက်လာတဲ့အခါ… ဒီခရီးဟာ သာမန်တောင်တက်ခရီးမဟုတ်ဘဲ အတိတ်က အမှန်တရားကို ရှာဖွေဖို့ ကိုယ့်အပြစ်ကို ရင်ဆိုင်ဖို့ မျိုးဆက်သစ်တပည့်ဖြစ်သူရဲ့ မေးခွန်းတွေကို ဖြေရှင်းဖို့ဖြစ်လာတဲ့အခါမှာတော့ အချိန်က အမှားတစ်ခုကို ဖျောက်ပစ်နိုင်ပါ့မလား ဒါမှမဟုတ် အမှန်တရားကို ရင်ဆိုင်မှသာ လွတ်မြောက်နိုင်မလားဆိုတာကို ဒီကားလေးထဲ စီးမျောအဖြေရှာလိုက်ရအောင်နော် Filesize : 1.16 GB / 601 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama and Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း