ဇာတ်ကားများ ရွေးရန်

Dragonfly

2025ဇာတ်ကားအမှတ် 7.0/1098 မိနစ်

Dragonfly (2025) IMDb Rating (7.1) / Rotten Tomatoes (92%) ဒီတစ်ခါမှာတော့ ဝါရင့်မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Brenda Belethyn နဲ့ Andrea Riseborough တို့နှစ်ယောက်က ဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားပြီး နာမည်ကျော် ဇာတ်ဆောင်မင်းသားကြီး Jason Watkins က နေ ဇာတ်ပို့အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားလေးတစ်ခုကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် IMDB မှာ 7.2 အထိရရှိထားပြီး ဆုပေါင်း ၆ ဆု ပိုင်ဆိုင်ထားတဲ့အပြင် နောက်ထပ် ဆန်ကာတင်စာရင်းဆု ၅ ဆုကိုပါရရှိထားတဲ့အတွက် ဇာတ်အိမ်ပိုင်းကတော့ တော်တော်ကောင်းတယ်လို့ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း အယ်လ်ဆီဆိုတဲ့ ပင်စင်စားအမျိုးသမီးအိုတစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့က အိမ်ဟောင်းလေးတစ်ခုမှာ အရိုးထုတ်နေတာ နှစ်ပေါင်း ဆယ်နဲ့ချီပြီဖြစ်ပါတယ်။ တစ်ယောက်တည်းနေတဲ့အလျောက် အသက်ကြီးလာတဲ့အခါ အိမ်မှုကိစ္စတွေကို တစ်ယောက်တည်းလုပ်ကိုင်ဖို့အတွက် အားမာန်မရှိဖြစ်လာပါတယ်။ ဒီလိုနဲ့ အဝေးမှာနေတဲ့သူ့ရဲ့သားကနေ ငှားရမ်းပေးထားတဲ့ အိမ်ခေါ်သူနာပြုတွေကပဲ သူ့ကို တစ်ရက်တစ်ရက် အချိန်ပိုင်းလာစောင့်ရှောက်ရတာပဲဖြစ်ပါတယ်။ အပြင်လူတွေဖြစ်တဲ့အလျောက် ပိုက်ဆံရဖို့ကိုသာ ပဓာနထားပြီး ဝတ်ကျေတန်းကျေအလုပ်တွေလုပ်ပေးကာ အယ်လ်ဆီကို မဆိုသလောက်ပဲ ဂရုပြုပေးပြီး လူနာတစ်ဦးကို ၁ နာရီဆိုတဲ့ကြာချိန်ဆိုသလို ၁ နာရီပြည့်ရင်ပြည့် မဟုတ်ရင် တစ်ခါတစ်လေဆိုတောင် မိနစ် ၄၀ လောက်ထဲနဲ့ ချန်ခဲ့ကြတာမျိုးတွေတောင်ရှိပါတယ်။ ဒါမျိုးတွေကို မျက်မြင်ကိုယ်တွေ့ဖြစ်လာတဲ့ အယ်လ်ဆီရဲ့အိမ်နီးချင်းဖြစ်သူ ကောလင်းဟာ မခံမရပ်ဖြစ်ပြီး အယ်လ်ဆီ့ကို သွားသွားကူညီလေ့ရှိပါတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာ အယ်လ်ဆီဟာ ကောလင်းကို သံယောဇဉ်တွယ်လာပြီး နောက်ပိုင်းမှာ ကောလင်းကိုပဲ သူ့ကိုပြုစုစောင့်ရှောက်ခိုင်းဖို့ သားဖြစ်သူကို တောင်းဆိုလာပါတယ်။ ဒီလိုနဲ့ မျှော်လင့်ချက်ရောင်ခြည်ကုန်ဆုံးခါနီးချိန်ရောက်နေတဲ့ အယ်လ်ဆီနဲ့ တစ်ကိုယ်တည်းအပျိုကြီးကောလင်းတို့နှစ်ယောက် သားအမိသဖွယ်နေထိုင်ကြပုံကို ဒီဇာတ်ကားထဲမှာ ရသအပြည့်နဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ File size… (3.1 GB) / (910 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:38:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း