ဇာတ်ကားများ ရွေးရန်

Once in a Valentine

2025ဇာတ်ကားအမှတ် 5.0/10102 မိနစ်

Once in a Valentine (2025) ဆလက်စ်တီဆိုတဲ့ သူ့သူငယ်ချင်းနဲ့ အပြင်သွားပျော်ပါးခဲ့ပြီးနောက် ညအချိန် သူငယ်ချင်းနှစ်ယောက်နေတဲ့ အိမ်ကိုပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ကိုမရောက်ခင် လမ်းမပေါ်မှာ သူ့ကိုမျက်နှာဖုံးထားတဲ့အမျိုးသားတစ်ယောက်က ပြန်ပေးဆွဲသွားပြီး အကြမ်းဖက်အဓမ္မပြုကျင့်ပြီး ချန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆလက်စ်တီဟာ အဲဒီကိုယ်ဝန်ကနေ သမီးလေးတစ်ယောက်ကိုမွေးခဲ့ရပြီး နှစ်တိုင်းလိုလို သူအကြမ်းဖက်ခံရတဲ့အချိန်ကိုရောက်လာတိုင်း အချိန်ပြည့် စိတ်ဂဏာမငြိမ်ဖြစ် အိမ်မက်ဆိုးတွေမက်ပြီး စိတ်ဒဏ်ရာကိုအမြဲပြန်ခံနေရသူပါ။ အလုပ်ကလည်း တစ်ဖက်၊ အိမ်ကသမီးလေးတစ်ဖက်နဲ့ အချစ်ရေးကို ခေါင်းထဲမထည့်နိုင်တော့တာကို သူ့သူငယ်ချင်းက မြင်နေရတဲ့အခါ သူငယ်ချင်းဖြစ်သူက သူ့မွေးနေ့ပွဲမှာ ဆလက်စ်တီကို ကြင်ဖက်ရှာပေးဖို့ကြံခဲ့ပါတယ်။ ကံကောင်းအားလျော်စွာနဲ့ဘဲ ဆလက်စ်တီဟာ အဲဒီအမျိုးသားကို စိတ်ဝင်စားသွားခဲ့ပြီး နှစ်ယောက် အဆင်ပြေစဖြစ်လာတဲ့အချိန် ဆလက်စ်တီက အတိတ်မှာသူကြုံခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့အခါမှာ နောက်ကွယ်ကဇာတ်လမ်းတွေ တဖြည်းဖြည်းနဲ့ စပေါ်လာပါတော့တယ်။ File size… (1.7 GB) / (920 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:42:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း