ဇာတ်ကားများ ရွေးရန်

Farhana

2023ဇာတ်ကားအမှတ် 7.0/10140 မိနစ်

ဘာသာရေးကိုင်းရှိုင်းပြီး ရှေးရိုးစွဲတဲ့ ဘိုင်ဟာ ဖိနပ်ဆိုင်လေးတစ်ဆိုင်နဲ့ မိသားစုကို ထောက်ပံ့လာခဲ့သူပါ။ ဒီဆိုင်ကရတဲ့ ဝင်ငွေနဲ့ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် သမီးတွေ အိမ်ထောင်ကျပြီး မြေးတွေပါ ရလာချိန်မှာ စီးပွားရေးကျဆင်းလာလို့ မိသားစုအတွက် မလောက်ငတော့ပါဘူး။ ဘိုင်က ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားတယ်။ သမီးဖြစ်သူ ဖာဟာနာမှာတော့ ကလေးသုံးယောက်ရဲ့ အနာဂတ်အတွက်ပါ စဉ်းစားရတာကြောင့် အပြင်ထွက်အလုပ်လုပ်ခွင့် တောင်းပါတော့တယ်။ ရှေးရိုးစွဲတဲ့ မိသားစုဆီက ခက်ခက်ခဲခဲ ခွင့်တောင်းပြီး အလုပ်ရလာတဲ့အခါ သူလည်း အစွမ်းကုန်ကြိုးစားတယ်။ တဖြည်းဖြည်း အဆင်ပြေလာပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်ဖို့ လိုလာတော့ ဝင်ငွေပိုရနိုင်တဲ့ အလုပ်တစ်ခုကို ရဖို့ ကြိုးစားရပြန်ပါတယ်။ အဲဒီအလုပ်ကနေ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ကြုံလာတဲ့အခါ ဖာဟာနာ ဘယ်လိုဆက်လုပ်မလဲ။

ဇာတ်လမ်းအကြောင်း