ဇာတ်ကားများ ရွေးရန်

Amrum

2025ဇာတ်ကားအမှတ် 7.1/1093 မိနစ်

Amrum (2025) IMDb Rating (7.2) / Rotten Tomatoes (92%) ဒီကားလေးကတော့ ၂၀၂၅ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ စတင်ပြသခဲ့ပြီး၊ အောက်တိုဘာလမှာ ရုံတင်ခဲ့တဲ့ ဂျာမန်ကားကောင်း တစ်ကားပါ။ ဒါရိုက်တာကတော့ နာမည်ကြီး Fatih Akin ဖြစ်ပြီး သူ့ရဲ့ဆရာလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်တဲ့ Hark Bohm ရဲ့ ကလေးဘဝ အမှတ်တရတွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးက ဒီလို... အချိန်က ၁၉၄၅ ခုနှစ် နွေဦးပေါက်၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးအချိန်လေးပေါ့။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က အသက် ၁၂ နှစ်အရွယ် နန်းနင်း (Nanning) ဆိုတဲ့ ကောင်လေးပါ။ သူတို့မိသားစုက စစ်ဒဏ်ကြောင့် ဟမ်းဘတ်မြို့ကနေ ဂျာမနီမြောက်ပိုင်းမှာရှိတဲ့ 'Amrum' ဆိုတဲ့ ကျွန်းလေးကို ပြောင်းရွှေ့လာကြတာ။ သူ့အမေ ဟီလာ (Hille) က ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေတဲ့အပြင်၊ နာဇီဝါဒကို အသေအလဲ ယုံကြည်တဲ့သူပေါ့။ စစ်ရှုံးတော့မယ်၊ ဟစ်တလာလည်း သေပြီဆိုတဲ့ သတင်းတွေကြားရတဲ့အခါ သူ့အမေက စိတ်ကျရောဂါဝင်ပြီး ဘာမှမစားတော့ဘူး။ ပျားရည်၊ ထောပတ်နဲ့ ပေါင်မုန့်ဖြူလောက်ပဲ စားမယ်ဆိုပြီး ဂျီကျနေတော့တယ်။ ဒီတော့ အသက် ၁၂ နှစ်အရွယ် ကလေးလေး နန်းနင်းက မိသားစု ဝမ်းရေးအတွက်ရော၊ အမေစားချင်တာလေး ရဖို့အတွက်ပါ လူကြီးတစ်ယောက်လို ရုန်းကန်ရတော့တာပဲ။ ညဘက် တံငါသည်တွေလို ငါးထွက်ဖမ်းတာ၊ ပင်လယ်ထဲမှာ ဖျံတွေလိုက်ဖမ်းတာ၊ ဒေသခံ လယ်သမားတွေဆီမှာ အလုပ်ဝင်လုပ်တာ စသဖြင့် အလုပ်ကြမ်းတွေ အကုန်လုပ်ရတယ်။ စစ်ကြီးပြီးသွားတဲ့အခါ အားလုံးက ငြိမ်းချမ်းသွားမယ် ထင်ရပေမဲ့ တကယ့်တကယ်တော့ အဲ့ဒီလို မဟုတ်ဘူးဖြစ်နေတယ်။ နန်းနင်းတို့လို နာဇီမိသားစု နောက်ခံရှိတဲ့သူတွေအတွက် အခက်အခဲတွေ၊ ပြဿနာသစ်တွေ စုံလာပါတော့တယ်။ နန်းနင်းလေးဟာ မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း သိလာရပြီး၊ ဖက်ဆစ်ဝါဒရဲ့ အဆိုးတရားတွေကြားထဲမှာ သူထင်ထားသလို လူကြီးတွေဟာ လူကောင်းတွေ မဟုတ်ဘူးဆိုတာကို နားလည်လာရတယ်။ အဲ့ဒီလိုနဲ့ ကလေးဘဝရဲ့ အပြစ်ကင်းစင်မှုတွေ ပျောက်ဆုံးပြီး လူကြီးတစ်ယောက်လို ရင့်ကျက်လာရပုံတွေကို သေသေချာချာ ရိုက်ပြထားတာပါ။ ဒီကားက သေနတ်ပစ်ကြ၊ ဗုံးခွဲကြတဲ့ စစ်ကားကြမ်းကြမ်းကြီး မဟုတ်ပါဘူး။ စစ်ပွဲရဲ့ နောက်ကွယ်က မိသားစုတွေရဲ့ အတိဒုက္ခ၊ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကနေ မြင်ရတဲ့ နိုင်ငံရေးအယူဝါဒတွေရဲ့ ဆိုးကျိုးတွေကို ရင်နင့်စရာကောင်းအောင် ရိုက်ပြထားတဲ့ Coming-of-age ဒရာမာကားကောင်းလေးပါ။ ကလေးသရုပ်ဆောင် Jasper Billerbeck ရဲ့ သရုပ်ဆောင်ချက်တွေက တော်တော်လေး ပီပြင်သလို၊ Diane Kruger, Laura Tonke နဲ့ Matthias Schweighöfer တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားတယ်။ File size… (2 GB) / (970 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, History, War Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း