ဇာတ်ကားများ ရွေးရန်

Boyz n the Hood

1991ဇာတ်ကားအမှတ် 7.6/10112 မိနစ်4K

Boyz n the Hood (1991) IMDb Rating (7.8) / Rotten Tomatoes (96%) ဟောလိဝုဒ်ရုပ်ရှင်သမိုင်းမှာ ဩဇာညောင်းပြီး လူမည်းအသိုင်းအဝန်းရဲ့ လူမှုဘဝရုန်းကန်မှုကို အရှိကိုအရှိအတိုင်း တင်ဆက်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ထွက် ဂန္ထဝင်လက်ရာ "Boyz n the Hood" ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ John Singleton ကို အသက်အငယ်ဆုံး အော်စကာ ဒါရိုက်တာဆု လျာထားခြင်းခံရသူ ဖြစ်လာစေခဲ့ပြီး လူမည်းရုပ်ရှင်လောကအတွက် လမ်းသစ်ဖောက်ပေးခဲ့တဲ့ ကားပါ။ နာမည်ကျော် Rap အဆိုတော် Ice Cube ကိုလည်း ပထမဆုံး သရုပ်ဆောင်လောကထဲ ဝင်ရောက်နာမည်ရစေခဲ့တဲ့ ကားပါ။ South Central Los Angeles ဆိုတဲ့ ဂိုဏ်းစတားတွေနဲ့ ရာဇဝတ်မှုတွေ ထူပြောလှတဲ့ ရပ်ကွက်ထဲမှာ ကြီးပြင်းလာရတဲ့ လူငယ်သုံးဦးရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ Tre Styles (Cuba Gooding Jr.) ကတော့ သူ့ကို လမ်းမှားမရောက်အောင် ထိန်းကျောင်းပေးတဲ့ စည်းကမ်းကြီးပြီး အမြော်အမြင်ရှိတဲ့ ဖခင် Furious Styles (Laurence Fishburne) ရဲ့ လက်အောက်မှာ ကြီးပြင်းလာသူပါ။ သူ့ရဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ Ricky ကတော့ အားကစားနဲ့ ဘဝကို ပြောင်းလဲဖို့ ကြိုးစားနေသူဖြစ်ပြီး၊ Ricky ရဲ့ အစ်ကို Doughboy (Ice Cube) ကတော့ လမ်းဘေးဂိုဏ်းစတား ဘဝထဲမှာ နစ်မွန်းနေသူပါ။ ဒီလို ပတ်ဝန်းကျင်ဆိုးကြီးထဲမှာ သူတို့ သုံးဦးစလုံးဟာ အသက်ရှင်သန်ဖို့နဲ့ ကိုယ့်လမ်းကိုယ်ရှာဖို့ လူမည်းတွေကြီးစိုးကြတဲ့ Hood ထဲကနေ ဘယ်လိုတွေ ရုန်းထွက်ပြီး အိမ်မက်တွေကို အကောင်ထည်ဖော်မလဲ ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ File size… (7.7 GB) / (3.4 GB) / (1.5 GB) Quality…. Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama Duration…. 01:52:36 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း