ဇာတ်ကားများ ရွေးရန်

Little Amélie or the Character of Rain

2025ဇာတ်ကားအမှတ် 8.0/1078 မိနစ်

နာမည်ကျော်စာရေးဆရာမ Amélie Nothomb ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ပြင်သစ်-ဘယ်လ်ဂျီယံ အန်နီမေးရှင်း ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ အလှအပနဲ့ ကလေးငယ်ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို ရောင်စုံပန်းချီကားတစ်ချပ်လို ဖန်တီးထားပါတယ်။ ဥရောပသူလေးတစ်ဦး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့အခါ ယဉ်ကျေးမှုနှစ်ခုကြားက ကွဲပြားနေတဲ့ ဘဝတစ်ခုကိုမြင်တွေ့ရမှာပါဂျပန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ Amélie ဆိုတဲ့ မိန်းကလေးငယ်လေးရဲ့ ဘဝပထမဆုံး သုံးနှစ်တာကာလကို ထူးခြားတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ဇာတ်လမ်းအစမှာ Amélie ဟာ ခံစားချက်၊လှုပ်ရှားမှုမှမရှိဘဲ စားလိုက်၊ အိပ်လိုက်နဲ့ စက်ရုပ်တစ်ရုပ်လို မွေးဖွားလာခဲ့ပါတယ်။ ဒါပေမဲ့ သူမ အသက် ၂ နှစ်အရွယ်မှာ ချောကလက်ရဲ့ အရသာကိုစတင်သိရှိသွားတဲ့အခါမှာတော့ သူမရဲ့ အာရုံငါးပါးဟာ ရုတ်တရက် နိုးထလာပြီး ကမ္ဘာကြီးကို စတင်လေ့လာပါတော့တယ်။ ဂျပန်ယဉ်ကျေးမှုကြားမှာ ကြီးပြင်းလာရတဲ့ သူမရဲ့ ကလေးဘဝ၊ နတ်ဘုရားတစ်ပါးကို ကိုးကွယ်ကြတဲ့ ပတ်ဝန်းကျင်နဲ့ ကလေးငယ်တစ်ယောက်ရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အတွေးအခေါ်အဆန်းတွေကို ချစ်စရာကောင်းတဲ့ အန်နီမေးရှင်းတွေနဲ့ မြင်တွေ့ရမယ့် အန်နီမေးရှင်းကားကောင်းလေးဖြစ်ပါတယ် File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း