ဇာတ်ကားများ ရွေးရန်

Pike River

2025ဇာတ်ကားအမှတ် 6.9/10131 မိနစ်

နယူးဇီလန်နိုင်ငံရဲ့ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဖြစ်တဲ့ ၂၀၁၀ ခုနှစ် Pike River ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် Drama ဇာတ်ကားဖြစ်ပါတယ်။Emmy ဆုလျာထားခံရတဲ့ Melanie Lynskey နဲ့ ဝါရင့်မင်းသမီး Robyn Malcolm တို့ရဲ့ သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်ထားပါတယ်Chernobyl အဖြစ်ဆိုးလိုမျိုး ကော်ပိုရေးရှင်းကြီးတွေရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေနဲ့ တရားမျှတမှုရဖို့ကြိုးစားပုံတွေကို ကြိုက်နှစ်သက်သူတွေအတွက် ကွက်တိဖြစ်စေမယ့် လက်ရာတစ်ခုပါ။ ၂၀၁၀ ခုနှစ်၊ နယူးဇီလန်နိုင်ငံက Pike River ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အလုပ်သမား ၂၉ ဦး သေဆုံးခဲ့ရတယ်။ ဒီဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားပြီးနောက် အာဏာပိုင်တွေနဲ့ ကုမ္ပဏီဘက်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေတာကို တွေ့ရတဲ့အခါ... ဆုံးရှုံးသွားတဲ့ သားသမီးတွေ၊ ခင်ပွန်းတွေအတွက် ဇွဲမလျှော့ဘဲ ရှေ့ထွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦး (Melanie Lynskey နဲ့ Robyn Malcolm) အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ပေါက်ကွဲမှုအကြောင်းကိုပဲ ပြတာမဟုတ်ဘဲ အမှန်တရား ပေါ်ပေါက်ဖို့၊ အလောင်းတွေ ပြန်လည်ထုတ်ယူနိုင်ဖို့နဲ့ တရားခံတွေကို အပြစ်ပေးနိုင်ဖို့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် စနစ်ဆိုးကို အံတုခဲ့ကြတဲ့ မိသားစုဝင်တွေရဲ့ ခံစားချက်နဲ့ စိတ်ဓာတ်ခိုင်မာမှုကို လေးလေးနက်နက် ပုံဖော်ထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း