ဇာတ်ကားများ ရွေးရန်

In the Blink of an Eye

2026ဇာတ်ကားအမှတ် 4.2/1094 မိနစ်

Finding Nemo နဲ့ WALL-E တို့ကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဒါရိုက်တာ Andrew Stanton ရဲ့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ Sci-Fi ဇာတ်ကားကြီး ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ နှစ်ပေါင်းသောင်းချီ ကွာခြားတဲ့ ကာလသုံးခုကို အပြန်အလှန် ချိတ်ဆက်ပြီး လူသားတို့ရဲ့ ရှင်သန်မှု၊ ချစ်ခြင်းနဲ့ ဆက်နွှယ်မှုတွေကို ရိုက်ကူးထားတာပါ။ငါတို့ ဘယ်ကလာသလဲ၊ဘယ်ကိုသွားနေသလဲ" ဆိုတဲ့ ဘဝရဲ့ အနှစ်သာရကို မေးခွန်းထုတ်ထားတဲ့ ဇာတ်ကားမျိုး ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းကြောင်းရဲ့ မတူညီတဲ့ အချိန်ကာလ ၃ ခုက ဇာတ်လမ်းတွေကို တစ်ပြိုင်တည်း ယှဉ်တွဲ တင်ဆက်ထားပါတယ်။လွန်ခဲ့သော နှစ်ပေါင်း ၄၅,၀၀၀ (ကျောက်ခေတ်)က မျိုးနွယ်စုရဲ့ နောက်ဆုံးကျန်ရစ်သူ နေယန်ဒါသယ် (Neanderthal) မိသားစုတစ်ခုရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ရှင်သန်မှုတိုက်ပွဲ..မျက်မှောက်ခေတ် (Present Day)က ရှေးဟောင်းသုတေသနပညာရှင် Claire (Rashida Jones) ဟာ သူမရဲ့ သုတေသနအလုပ်တွေနဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြားမှာ ရုန်းကန်နေရပြီး၊ တစ်ဖက်မှာလည်း မမျှော်လင့်ဘဲ အချစ်သစ်နဲ့ တွေ့ဆုံပုံ..အနာဂတ်ကာလ (၂၅ ရာစု)က အာကာသယာဉ်မှူး Coakley (Kate McKinnon) ဟာ လူသားမျိုးနွယ်သစ် တည်ထောင်ဖို့အတွက် သန္ဓေသားလောင်းတွေကို သယ်ဆောင်ပြီး အာကာသထဲမှာ နှစ်ပေါင်းရာချီ ခရီးနှင်နေရပုံတွေဒီဇာတ်လမ်း ၃ ခုဟာ မတူညီတဲ့ အချိန်ကာလတွေဖြစ်ပေမဲ့ သူတို့အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်၊ အနစ်နာခံမှုနဲ့ လူသားဆန်မှုတွေ ဘယ်လိုရှိနေမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း