The Himalayas
The Himalayas (2015) The Himalayas (၂၀၁၅) ရုပ်ရှင်ဇာတ်ကားကတော့ ဟိမဝန္တာတောင်တန်းရဲ့ ခန့်ညားထည်ဝါမှုနဲ့အတူ လူသားတို့ရဲ့ မလျော့သောဇွဲလုံ့လ၊ သူငယ်ချင်းအချင်းချင်းကြားက ခိုင်မြဲတဲ့သစ္စာတရားတို့ကို ရိုက်ကူးတင်ပြထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဝမ်းနည်းစရာ ဇာတ်ကွက်တွေလည်း ပါတာမို့လို့ တစ်ရှူးလေး ကြိုဆောင်ထားဖို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဝါရင့်တောင်တက်သမားကြီး Um Hong-gil ဟာ အတွေ့အကြုံသစ် တောင်တက်သမားလေး Park Moo-taek နဲ့ ဆုံတွေ့ခဲ့ပါတယ်၊ အစပိုင်းမှာတော့ စည်းကမ်းကြီးလွန်းတဲ့ ခေါင်းဆောင်နဲ့ စိတ်အားထက်သန်လွန်းတဲ့ လူငယ်လေးတွေကြား အဖုအထစ်လေးတွေ ရှိခဲ့ပေမဲ့ ဟိမဝန္တာရဲ့ အသက်အန္တရာယ်များလှတဲ့ တောင်ထိပ်တွေကို အတူတူ ကျော်ဖြတ်ရင်း သူတို့ကြားမှာ ညီအစ်ကိုရင်းချာတွေထက်မကတဲ့ သံယောဇဉ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်က အမြင့်ဆုံးတောင်ထိပ် 16 ခုကိုပါ အတူတက်ကြမယ်လို့ နှစ်ယောက်သား ကတိပေးထားခဲ့ကြပေမဲ့ တစ်နေ့မှာ Um Hong-gilရဲ့ ချော်လဲတုန်းက ရခဲ့တဲ့ ဒဏ်ရာက ပိုပြင်းထန်လာခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီကတိကို ဆက်မတည်နိုင်တော့ဘဲ Park Moo-taek တစ်ယောက်တည်းပဲ ဆက်တက်ဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ တောင်တက်သမားတိုင်း ကြောက်ရွံ့ရတဲ့ သဘာဝတရားရဲ့ စိန်ခေါ်မှုတွေဟာ သူတို့ရဲ့ ခရီးစဉ်တစ်ခုလုံးကို အလှည့်အပြောင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်.... ဒီဇာတ်ကားဟာ တောင်ထိပ်ကို ရောက်ဖို့ထက် ပိုအရေးကြီးတဲ့ "လူသားချင်းစာနာမှု" နဲ့ "ပေးဆပ်မှု" အကြောင်းကို ရင်နင့်စဖွယ် ပုံဖော်ထားတာဖြစ်ပြီးတော့ တောင်တန်းတွေရဲ့ အလှနဲ့ သူငယ်ချင်းသံယောဇဉ်တွေကို လိုက်ပါခံစားနိုင်မှာဖြစ်လို့ ကြည့်ရတန်စေမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုခံစားကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ File Size - 1.9 GB/ 943 MB Quality - BluRay 1080p/ 720p Duration - 2h 4m Format - mp4 Genre - Adventure, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း