Act of Valor
ကော်စတာရီကာက ဟိုတယ်တစ်ခုမှာ CIA အေးဂျင့်နှစ်ယောက် တည်းခိုနေကြပါတယ်။ သူတို့ရှိနေတဲ့သတင်းကို ဘယ်လိုရသွားမှန်းမသိတဲ့ အကြမ်းဖက်သမားတွေ ရောက်လာပြီး အမျိုးသားအေးဂျင့်ကို ပစ်သတ်ကာ အမျိုးသမီးအေးဂျင့်ကို ဖမ်းခေါ်သွားတယ်။ ဖမ်းဆီးခံရသူကို ပြန်ကယ်ထုတ်ဖို့ အမေရိကန်ဘက်က မရိန်းစစ်သားတွေကို စုစည်းလိုက်ပါတယ်။ အမျိုးသမီးအေးဂျင့်ကို ဖမ်းထားသူက ထိပ်တန်းဒုစရိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ခေတ်မီလက်နက်တွေနဲ့ ကြေးစားလက်နက်ကိုင်တွေ အပြည့်ရှိနေသူပါ။ မူးယစ်ရာဇာတွေနဲ့ အကြမ်းဖက်သမားတွေပါ ပတ်သက်နေတဲ့အတွက် ကယ်ဆယ်ရေးစစ်ဆင်မှုက ထင်သလောက် မလွယ်ကူဘူး။ အဲဒီအပြင် နောက်ဆက်တွဲပြဿနာတွေကြောင့် အမေရိကန်နိုင်ငံမှာ စက်တင်ဘာ ၁၁ ရက် အရေးအခင်းထက်တောင် ဆိုးရွားတဲ့အဖြစ်မျိုး ကြုံလာနိုင်တယ်ဆိုတာ သိလာကြပါတယ်။ ကယ်ဆယ်ရေးအတွက် သူတို့ ဘယ်လိုအစီအစဉ်ဆွဲကြမလဲ၊ အေးဂျင့်အမျိုးသမီးကို ကယ်ထုတ်နိုင်ပါ့မလား။ တိုက်ပွဲတွေက ထင်ထားတာထက် ပိုကြမ်းလာမလား၊ စစ်ဆင်ရေးမှာ ပါဝင်သူအားလုံး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။
ဇာတ်လမ်းအကြောင်း