ဇာတ်ကားများ ရွေးရန်

House of Hummingbird

2018ဇာတ်ကားအမှတ် 7.5/10135 မိနစ်

House of Hummingbird (2018) House of Hummingbird (2018) ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၉၄ ခုနှစ်က ဆိုးလ်မြို့ရဲ့ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ ဆုတံဆိပ်များစွာကိုလည်း ရရှိထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ကိုးရီးယားနိုင်ငံမှာ ထင်ရှားတဲ့ ဆောင်းဆူတံတား ပြိုကျမှုဖြစ်ရပ်မှန်ကို ဇာတ်လမ်းရဲ့  အချိုးအကွေ့တစ်ခုအနေနဲ့ အသုံးပြုထားပြီး လူသားတွေရဲ့ နာကျင်မှုနဲ့ ရှင်သန်မှုကို အနုပညာဆန်ဆန် ဖော်ပြပေးထားတဲ့ ဇာတ်လမ်းလို့ ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်း အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူလေး Kim Eun-hee ဟာ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ မိမိကိုယ်ကိုယ် အဓိပ္ပာယ် ရှာဖွေနေသူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဟာ အလုပ်အရမ်းများပြီး သူ့ကို ဂရုစိုက်တာအရမ်းနည်းပါတယ်။ အဲဒီအပြင် အစ်ကိုဖြစ်သူရဲ့ ရိုက်နှက်မှုနဲ့ အဖေဖြစ်သူရဲ့ စည်းကမ်းတင်းကြပ်မှုတွေကြားမှာ Kim Eun-hee ဟာ အထီးကျန်မှုကို ခံစားနေရပါတယ်။ ကျောင်းစာကိုလည်း စိတ်မဝင်စားဘဲ ပုံဆွဲတာကိုပဲ ဝါသနာပါတဲ့ Kim Eun-hee ဟာ သူ့ရဲ့ ချစ်သူကောင်လေး၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးမှာလည်း အတက်အကျတွေနဲ့ ရင်ဆိုင်နေသူလေးပါ။ အဲဒီလိုဘဝမှာ သူ့အတွက် လမ်းပြကြယ်ဖြစ်လာမယ့် တရုတ်စာသင်ပေးတဲ့ ဆရာမတစ်ယောက်နဲ့ ဆုံစည်းခဲ့ပြီးတော့ သူ့ဘဝအတွက် အလှည့်အပြောင်းတွေ ဖြစ်လာပါတော့တယ် ..... Hummingbird ငှက်လေးလိုပဲ သေးငယ်ပေမဲ့ ရှင်သန်ဖို့အတွက်  အတောင်ပံတွေကို အကြိမ်ပေါင်းများစွာခတ်ရင်း Kim Eun-hee လေးတစ်ယောက် ဘဝကို ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File Size - 1.4 GB/ 578 MB Quality - BluRay 1080p/ 720p Duration - 2h 19m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း