Running Wild
Running Wild (2006) 2006 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ စရိုက်ချင်းမတူတဲ့ စုံထောက်တစ်ယောက်နဲ့ အမှုစစ်တစ်ယောက်တို့ စနစ်ဆိုးကို တိုက်ခိုက်တဲ့အကြောင်း ရိုက်ကူးထားတဲ့ အကြမ်းစား Crime-Noir ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း လူသတ်မှုစုံထောက် Jang Do-young (Kwon Sang-woo) ဟာ ဥပဒေထက် လက်သီးကို အရင်သုံးတတ်တဲ့ စိတ်မြန်လက်မြန်သမားဖြစ်ပြီး၊ အမှုစစ် Oh Jin-woo (Yoo Ji-tae) ကတော့ ဥပဒေဘောင်အတွင်းက သက်သေအထောက်အထားကိုပဲ အလေးထားတဲ့ စာအုပ်ကြီးသမား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ပစ်မှတ်တစ်ခုရှိပါတယ်။ အဲဒါကတော့ ထောင်ကလွတ်လာပြီး အာဏာရှိနိုင်ငံရေးသမားတွေနဲ့ပေါင်းကာ လွှတ်တော်အမတ်ဖြစ်ဖို့ ကြိုးစားနေတဲ့ မာဖီးယားဂိုဏ်းချုပ်ကြီး Yoo Kang-jin ပဲ ဖြစ်ပါတယ်။ စုံထောက် Do-young ရဲ့ ညီလေးဟာ ဒီဂိုဏ်းချုပ်ကြီးရဲ့လူတွေကြောင့် အသတ်ခံလိုက်ရသလို၊ အမှုစစ် Jin-woo ကလည်း ဒီဂိုဏ်းချုပ်ကြီးကို ဥပဒေနဲ့အညီ ထောင်ချချင်နေတာကြောင့် သူတို့နှစ်ယောက်ဟာ မဟာမိတ်ဖွဲ့ပြီး အမှုလိုက်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ ရင်ဆိုင်နေရတဲ့ ရန်သူက အဆက်အသွယ် တောင့်တင်းလွန်းတာကြောင့် ဥပဒေက သူတို့ကို အကာအကွယ် မပေးနိုင်တဲ့အပြင် သူတို့ကိုယ်တိုင်ပါ ထောင်ချောက်ထဲ ဆွဲသွင်းခံရတဲ့အထိ အကျပ်ရိုက်လာပါတယ်။ စနစ်ဆိုးကြီးရဲ့ ဖိနှိပ်မှုတွေကြားမှာ သူတို့နှစ်ယောက် တရားဥပဒေလမ်းကြောင်းအတိုင်းပဲ ဆက်သွားမလား၊ ဒါမှမဟုတ် တရားမျှတမှုအတွက် သူတို့ကိုယ်တိုင်ပဲ သားရဲတစ်ကောင်လို အကြမ်းဖက်ပြီး ပြန်လည်တုံ့ပြန်မလားဆိုတာကို မင်းသားကြီး Kwon Sang-woo နဲ့ Yoo Ji-tae တို့ရဲ့ အပေးအယူမျှမျှ၊ ရင်တလှပ်လှပ် အက်ရှင်ခန်းတွေနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File Size - 1.9 GB/ 843 MB Quality - NF WEB-DL 1080p/ 720p Duration - 2h 24m Format - mp4 Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း