ဇာတ်ကားများ ရွေးရန်

Merely Known as Something Else

2025ဇာတ်ကားအမှတ် 6.2/10144 မိနစ်

Merely Known as Something Else (2025) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Busan International Film Festival မှာ ပြသခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ "Marry My Husband" ထဲမှ Gong Min Jung ၊ "The Bacchus Lady" ထဲမှ Jung Bo Ram၊ "Love, Take Two" Jung Hoe Rin တို့ အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ ဂျောင်ဟိုရဲ့ ရည်းစားဖြစ်သူ ဆူဂျင်းက Illustrator တစ်ယောက်ဖြစ်ပြီး စာအုပ်အတွက် မျက်နှာဖုံး ဆွဲပေးရင်း ဟွန်းဆောင်းဆိုတဲ့ ကဗျာဆရာနဲ့ ခိုးတွဲနေပါတော့တယ်။ ဂျောင်ဟိုကို တစ်ဖက်သတ်ကြိုက်နေတဲ့ အင်ဂျူကတော့ ရောဂါဖြစ်နေမှန်း သိလိုက်ရပြီးနောက်မှာ ဂျောင်ဟိုဆီ ခံစားချက်တွေကို ဖွင့်ဟဝန်ခံဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ ဂျောင်ဟိုရဲ့ ရည်းစားဟောင်းဖြစ်သူကတော့ အတိတ်က ဖြစ်ရပ်တစ်ခုကြောင့် ဂျောင်ဟို့အပေါ် အပြစ်ရှိစိတ်ဝင်နေတာကြောင်း လက်ရှိရည်းစားနဲ့ ဆက်ဆံရေးက မရေမရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဂျောင်ဟို တစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါမှာတော့ ဂျောင်ဟိုနဲ့ပတ်သတ်တဲ့ မိန်းကလေး ၃ ယောက်ရဲ့ ရှုထောင့်၊ အမှတ်တရနဲ့ ခံစားချက်တွေကနေတစ်ဆင့် ဂျောင်ဟိုဆိုတာ ဘယ်လိုလူမျိုးလဲ... ဂျောင်ဟိုက ဘယ်ကိုထွက်သွားခဲ့တာလဲ...ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပြီး ကိုယ်မြင်နေတဲ့အရာနဲ့ ယုံကြည်ထားတဲ့အရာကြားထဲ မထင်မှတ်ထားတဲ့ အရာတွေ ပေါ်ထွက်လာတဲ့အခါမှာတော့.... အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ပြီးရင် အတွေးများစွာကျန်ခဲ့မဲ့ ဆန်းသစ်တဲ့ ဇာတ်လမ်းဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦးနော်။ File Size : 1.40GB/ 570MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…2hr 26m Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း