Bunt
Bunt (2007) ဒီတစ်ခါမှာတော့ မင်းသားကြီး Jung Jin Young နဲ့ ကလေးသရုပ်ဆောင် Choi Woo Hyeok တို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Bunt ဆိုတဲ့ Family Drama ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ တန်းတူကလေးတွေနဲ့ယှဉ်ရင် ပုံမှန်ဉာဏ်ရည်မဟုတ်တဲ့ ၁၁ နှစ်အရွယ် ကျောင်းသားလေး ဟောဒုံဂူဟာ ကျောင်းမှာရှိတဲ့ရေစင်ကနေ ရေကရားနဲ့ရေသယ်ပြီး အခန်းဖော်တွေကို ရေငှဲ့ပေးရတဲ့အလုပ်ကို စွဲလန်း သဘောကျနေတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းက စာသင်ခန်းတိုင်းမှာ ရေသန့်စက်တပ်လိုက်တဲ့အခါမှာတော့ သူနှစ်သက်တဲ့အလုပ်ကို မလုပ်ရတော့ဘဲဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ ကျောင်းရဲ့ ဘေ့စ်ဘောအသင်းမှာ အသစ်ဝင်တဲ့လူသစ်က စီနီယာကစားသမားတွေအတွက် ရေငှဲ့ပေးရတယ်ဆိုတာကို သိလိုက်ရချိန်မှာ ဘေ့စ်ဘောအသင်းထဲဝင်လာခဲ့ပါတော့တယ်။ ဘေ့စ်ဘောအကြောင်းဘာမှ မသိဘဲ ရေငှဲ့ပေးချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဘေ့စ်ဘောအသင်းအဖွဲ့ထဲဝင်လာတဲ့ ဟောဒုံဂူတစ်ယောက် နည်းပြရဲ့သင်ကြားပေးမှု ဖခင်ရဲ့ ပံ့ပိုးအားပေးမှု သူငယ်ချင်းဖြစ်သူရဲ့ သင်ကြားပြသပေးမှုတို့နဲ့ ဘေ့စ်ဘော ပြိုင်ပွဲမှာ ဝင်ပါ ဖြစ်ခဲ့ပုံကို ရယ်စရာလေးတွေ အလွဲလေး တွေရောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဖခင်တစ်ဦးရဲ့မေတ္တာ သူငယ်ချင်းသံယောဇဉ်တွေကို အကောင်းဆုံး ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် အားလုံးပဲ ခံစားကြည့်ရှုကြပါဦးရှင်။ File Size - 2.4 GB/ 1.4GB Quality - NF WEB-DL 1080p/ 720p Duration - 1h 36m Format - mp4 Genre - Family, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း