ဇာတ်ကားများ ရွေးရန်

xXx: Return of Xander Cage

2017ဇာတ်ကားအမှတ် 6.1/10107 မိနစ်4K

Anarchy 99 ရဲ့ ခြိမ်းခြောက်မှုကို တားဆီးခဲ့ပြီး ၁၅ နှစ်အကြာမှာ Xander Cage က သူ့ကိုယ်သူ သေဆုံးသွားပြီလို့ သတင်းလွှင့်ပြီး ပုန်းရှောင်နေပါတယ်။ Augustus Gibbons နဲ့ NSA တို့ရဲ့ xXx အစီအစဉ်ကနေ ဝေးဝေးနေချင်တာကြောင့်ပါ။ ဒါပေမဲ့ Xiang ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က ဂြိုဟ်တုအားလုံးကို ထိန်းချုပ်နိုင်တဲ့ ပန်ဒိုရာသေတ္တာကို ခိုးယူသွားတဲ့အခါ Cage တစ်ယောက် တာဝန်ပြန်ထမ်းဆောင်ဖို့ ဖြစ်လာပါတယ်။ ပန်ဒိုရာသေတ္တာကို ပြန်ယူဖို့ စနိုက်ပါသမား၊ စတန့်သမား၊ ကွန်ပျူတာကျွမ်းကျင်သူနဲ့ DJ တစ်ယောက်တို့ ပါဝင်တဲ့ xXx အဖွဲ့အသစ်ကို သူဖွဲ့လိုက်တယ်။ ဒီအဖွဲ့နဲ့အတူ တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား။ အဖြစ်အပျက်တွေနောက်ကွယ်မှာ ကြိုးကိုင်နေသူကရော ဘယ်သူဖြစ်မလဲ။ ၂၀၀၂ ခုနှစ်က Vin Diesel ပါဝင်ခဲ့တဲ့ xXx ဟာ ၂၀၀၅ ခုနှစ် ဒုတိယကားမှာ အဓိကမင်းသားပြောင်းခဲ့ပြီး ဒီ၂၀၁၇ ခုနှစ် တတိယကားမှာတော့ သူပြန်ပါလာပါတယ်။ အက်ရှင်နဲ့ စတန့်ခန်းတွေကို အဓိကထားတဲ့ ဒီကားမှာ Vin Diesel အပြင် Donnie Yen၊ Deepika Padukone၊ Kris Wu၊ Ruby Rose၊ Tony Jaa၊ Samuel L. Jackson နဲ့ Neymar Jr တို့လည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း