Saipan
Saipan (2025) IMDb Rating (6.7) / Rotten Tomatoes (93%) မန်ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားကြီး ရွိုင်ကိန်း (Roy Keane)နဲ့ အိုင်ယာလန်ဘောလုံးလောကရဲ့ သမိုင်းမှာ အငြင်းပွားဖွယ်ရာအကောင်းဆုံးနဲ့ လူပြောအများဆုံး ဖြစ်ရပ်မှန် "Saipan Incident" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဆိုင်ပန်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကို အားကစားနောက်ခံ Drama ပုံစံနဲ့ ပုံဖော်ထားတာပါ။ ၂၀၀၂ ခုနှစ် ဂျပန်-ကိုရီးယား ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ ရက်ပိုင်းအလိုမှာ အိုင်ယာလန်လက်ရွေးစင်အသင်းဟာ ဆိုင်ပန်ကျွန်းမှာ လေ့ကျင့်ရေးစခန်း ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းခေါင်းဆောင် Roy Keane နဲ့ နည်းပြချုပ် Mick McCarthy တို့ကြားမှာ အသင်းရဲ့ ပြင်ဆင်မှုတွေ၊ လေ့ကျင့်ရေးကွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ အငြင်းပွားမှုတွေ စတင်ဖြစ်ပွားခဲ့တယ်။ ဒီအခြေအတင်ဖြစ်မှုဟာ နောက်ဆုံးမှာတော့ Roy Keane တစ်ယောက် အသင်းကနေ ထွက်ခွာသွားရတဲ့အထိ ဖြစ်လာပြီး အိုင်ယာလန်တစ်နိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ အဲဒီခေတ်က အိုင်ယာလန်လူထုကို နှစ်ခြမ်းကွဲစေခဲ့တဲ့ ဖြစ်ရပ်မှန်ကို ဘယ်သူ့ဘက်ကမှ ဘက်မလိုက်ဘဲ နှစ်ဦးနှစ်ဖက်လုံးရဲ့ ခံစားချက်တွေ၊ ဖိအားတွေနဲ့အတူ အနုပညာမြောက်စွာ ပုံဖော်ထားတာပါ။ ဘောလုံးလောကမှာ နာမည်ကျော်လှတဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့ မာနနဲ့ အယူအဆ အားပြိုင်မှုတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ် (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.3 GB) / (800 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History Duration…. 01:30:24 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း