Shin Abarenbô Shogun
Shin Abarenbô Shogun (2025) ဒီဆာမူရိုင်းဇာတ်ကားကတော့ ဂျပန်နိုင်ငံရဲ့ အဲဒိုခေတ်ကို နောက်ခံထားပြီး တိုကုဂါဝါမျိုးနွယ်စုရဲ့ ၈ ဆက်မြောက် ရှိုးဂန်းအရှင်သခင် တိုကုဂါဝါ ယိုရှီမူနဲရဲ့ စွန့်စားခန်းတွေကို ခေတ်မီရုပ်ထွက်၊ အမိုက်စား Action အခန်းတွေနဲ့ ပြန်လည်တင်ဆက်ထားတဲ့ ဆာမူရိုင်းရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Takashi Miike ဖြစ်ပြီး Ken Matsudaira ၊ Daigo Nishihata နဲ့ Sawako Fujima တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ရဲတိုက်ထဲကနေ အမိန့်ပေးရုံနဲ့ မကျေနပ်နိုင်တဲ့ ရှိုးဂန်းယိုရှီမူနဲဟာ သာမန်ဆာမူရိုင်းအဖြစ် ရုပ်ဖျက်ကာ အရပ်သားတွေကြားထဲ လျှို့ဝှက်သွားလာလေ့ရှိပါတယ်။ ပြည်သူတွေရဲ့ ဒုက္ခကို ကိုယ်တိုင်မျက်မြင်တွေ့ရတဲ့အခါ အတတ်နိုင်ဆုံးကူညီပေးပြီး အေးချမ်းစွာနေထိုင်နိုင်ကြစေဖို့ အုပ်ချုပ်နေသူလည်းဖြစ်ပါတယ်။ အုပ်ချုပ်တဲ့သက်တမ်း ၁၀ နှစ်အကြာမှာ အငတ်ဘေးနဲ့ သီးနှံရောဂါကပ်ဘေးတွေ ဆိုက်ရောက်လာခဲ့တယ်။ ယိုရှီမူနဲမှာ သား ၃ယောက် ရှိပြီး သားအကြီးက မသန်စွမ်းဖြစ်နေတဲ့အတွက် ဥပဒေအရ ရှိုးဂန်းအရိုက်အရာ ဆက်ခံဖို့လည်း အခက်ကြုံနေပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူချင်တဲ့ အရာရှိတွေက သားလတ်ကို ရှိုးဂန်းတင်မြှောက်ကာ အုပ်ချုပ်ရေးကို ချယ်လှယ်နိုင်ဖို့ ကြိုးပမ်းလာကြချိန်လည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ နယ်စားအိုဝါရိကလည်း ပုန်ကန်ဖို့ စိုင်းပြင်းလာတဲ့အခါမှာတော့ .. ဘက်ပေါင်းစုံအကျပ်အတည်း ရင်ဆိုင်နေရတဲ့ ရှိုးဂန်းအရှင်သခင် ယိုရှီမူနဲက အဂတိလိုက်စားတဲ့ နယ်စားတွေ၊ စစ်ခင်းချင်နေတဲ့ နယ်စားတွေနဲ့ ပြည်သူကို မတရားတဲ့ ဖိနှိပ်တဲ့နယ်စားအရာရှိတွေကို သူကိုယ်တိုင် ဘယ်လိုမျိုး နှိမ်နင်းတရားစီရင်မလဲဆိုတာတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.87GB, 901MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 34 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း