Bad Boys: The Movie
Bad Boys: The Movie (2025) "ယောကျ်ားစစ်စစ် တစ်ယောက်ဖြစ်လာဖို့ဆိုတာ လက်သီးနဲ့ သက်သေပြရတာလား... ဒါမှမဟုတ် ရပ်တည်ချက်နဲ့လား" Crows Zero တို၊ High & Low တိုလို ဂျပန်လူမိုက် (Delinquent) အက်ရှင်ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၅ ခုနှစ်ထွက် ဂျပန်အက်ရှင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ ဒီကားလေးကတော့ လူငယ်တွေရဲ့ သွေးဆူလွယ်တဲ့ အရွယ်၊ ရည်မှန်းချက် အိပ်မက်တွေနဲ့ ကြမ်းတမ်းတဲ့ လမ်းမထက်က အားပြိုင်မှုတွေကို အမိုက်စား ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအစမှာတော့ ဆွတ်ကာဆာဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့် "ယောကျ်ားပီသတဲ့သူ" တစ်ယောက်ဖြစ်လာဖို့နဲ့ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ။ ဒီလို ကြိုးစားနေတဲ့ လမ်းခရီးမှာ သူ့အတွက် အကြီးမားဆုံး တွန်းအားနဲ့ စံပြပုဂ္ဂိုလ်ကတော့ ဒဏ္ဍာရီလာ နာမည်ကြီး လူမိုက်ကြီး မူရာကိုရှီပါပဲ။ မူရာကိုရှီရဲ့ လွှမ်းမိုးမှုတွေအောက်မှာ ဆွတ်ကာဆာ တစ်ယောက် သူ့ရဲ့ လမ်းကြောင်းကို ဘယ်လို ဖောက်ထွက်မလဲ... ခက်ခဲကြမ်းတမ်းတဲ့ လောကကြီးထဲမှာ ပြိုင်ဘက်တွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ယောကျ်ားပီပီ လက်သီးချင်း ယှဉ်ထိုးပြီး ဘယ်လို အဖြေရှာကြမလဲဆိုတာကို အက်ရှင်ခန်း မိုက်မိုက်တွေ၊ ခံစားမှုအပြည့်ပါတဲ့ ဇာတ်ကွက်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာပါ။ ဒီကားကိုတော့ ဒါရိုက်တာ Tatsuro Nishikawa က ရိုက်ကူးထားပြီး High & Low ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မယ့် မင်းသားချော Shô Aoyagi ပါဝင်ထားသလို Katsumi Hyodo နဲ့ Manami Igashira တို့ကလည်း အားဖြည့် သရုပ်ဆောင်ထားကြပါတယ်။ ခပ်ကြမ်းကြမ်းနဲ့ သွေးဆူချင်တဲ့ လူငယ်အက်ရှင် ဂျပန်ကား ဖန်တွေအတွက်ကတော့ လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်ကားဖြစ်လို့ လက်မလွတ်တမ်း အခုပဲ ပြေးကြည့်လိုက်ကြဖို့ တိုက်တွန်းပါရစေဗျာ။ File size…1.75GB / 852MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 46 min. Genre ….. Action, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း