The Emigrants
၁၈၄၀ ဝန်းကျင် ဆွီဒင်မှာ သီးနှံစိုက်ပျိုးရခက်ပြီး စားနပ်ရိက္ခာရှားပါးနေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ ဇနီးမောင်နှံက ကလေးတွေရဲ့ ရှေ့ရေးအတွက် အမေရိကကို ပြောင်းရွှေ့အခြေချဖို့ ဆုံးဖြတ်ကြပါတယ်။ အော်စကာက မိသားစုအတွက် အရပ်သစ်မှာ ဘဝစဖို့ မကြောက်ပေမယ့် ခရစ္စတီးနားအတွက်တော့ စိတ်ပူစရာတွေ ရှိနေတယ်။ ရှေးရိုးစွဲပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ သူ့အတွက် ယဉ်ကျေးမှုမတူတဲ့ နေရာဟာ နေပျော်စရာ ဖြစ်ပါ့မလားဆိုတဲ့ အတွေးနဲ့ပဲ ခင်ပွန်းနောက်ကို လိုက်ပြီး လှေနဲ့ ခရီးထွက်လာခဲ့ပါတယ်။ ကိုယ်ချစ်တဲ့ မွေးရပ်မြေနဲ့ ဝေးရာမှာ အခြေချရတဲ့အခါ အမေတစ်ယောက်၊ ဇနီးတစ်ယောက်အဖြစ် ခရစ္စတီးနားရဲ့ စိတ်ထဲမှာ အတွေးတွေ လွန်ဆွဲနေရတယ်။ ရှေးရိုးဆန်တဲ့ ယုံကြည်ချက်တွေနဲ့ လူကို လူလိုမြင်တတ်တဲ့ လူသားဆန်မှုကြားမှာ သူဘယ်လို ရွေးချယ်မလဲဆိုတာကို ဆက်ပြထားပါတယ်။ ဘာသာရေးအယူအဆ ကွဲပြားမှုကြောင့် ချစ်ခင်သူတွေကြား သွေးကွဲနိုင်ပုံကိုလည်း ဇာတ်လမ်းက ထည့်သွင်းဖော်ပြထားတယ်။ ၂၀၂၁ ခုနှစ်ထွက် ဆွီဒင်ဒရာမာဖြစ်ပြီး အမည်တူ ဆွီဒင်ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကြောင်း