ဇာတ်ကားများ ရွေးရန်

BAKA's Identity

2025ဇာတ်ကားအမှတ် 7.0/10130 မိနစ်

BAKA's Identity (2025) IMDb Rating (7.0) ဒီဂျပန်ဇာတ်ကားကတော့ Crime-Thriller အမျိုးအစားဖြစ်ပြီး စာရေးဆရာ Jun Nishio ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ ခေတ်သစ်ဂျပန်လူ့အဖွဲ့အစည်းရဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ ဆင်းရဲမွဲတေမှုကြားက လူငယ်လေးတွေရဲ့ ဘဝအခြေအနေကို ပီပြင်စွာ သရုပ်ဖော်ထားတဲ့ကားလေးဖြစ်ပြီး Anti-Hero, Tokyo Revengers ထဲမှ မင်းသား Takumi Kitamura၊ Yuta Hayashi နဲ့ Go Ayano တို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း မိသားစု ဘဝနောက်ခံမကောင်းကြတဲ့ တာကုယနဲ့ မာမိုရုဆိုတဲ့ လူငယ်လေးနှစ်ယောက်ဟာ အသက်ဝမ်းကျောင်းနိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ရုန်းကန်နေရပြီး ကာဂျီတာနီရဲ့ အချိတ်အဆက်နဲ့ သူတို့တွေဟာ အင်တာနက်မှာ အမျိုးသမီးလို ဟန်ဆောင်ပြီး အထီးကျန်နေတဲ့ အမျိုးသားတွေကို မြှူဆွယ် သူတို့ရဲ့မှတ်ပုံတင်တွေကို ဝယ်ယူပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချတဲ့ အလုပ်ကို လုပ်နေကြတာပါ။ ဥပဒေနဲ့ မညီတဲ့အလုပ်ကို သာမန်အလုပ်လို ပေါ့ပေါ့ပါးပါး ထားနေတဲ့ သူတို့နှစ်ယောက်ဟာ ဆာတိုဆိုတဲ့ လူဆီရောက်သွားပြီး ပိုမိုရှုပ်ထွေးပြီး အန္တရာယ်များတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ မမျှော်လင့်ဘဲ ပတ်သတ်မိသွားကြပါတယ်။ တာကုယ၊ မာမိုရုနဲ့ ကာဂျီတာနီတို့ အန္တရာယ်ကြားကနေ ဘယ်လိုလွတ်အောင် ကြိုးစားကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။ File Size : 1.68GB/ 830MB Quality : NF WEB-DL 1080p 5.1 CH/ 720p Format : mp4 Duration : 2hr 11m Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း