Home Coming
Numedia နိုင်ငံမှာ စစ်ပွဲဖြစ်နေချိန် သံရုံးက လူအင်အားမလုံလောက်တာကြောင့် တရုတ်နိုင်ငံသားတွေကို ကယ်ဆယ်ရွှေ့ပြောင်းပေးဖို့တောင် အခက်အခဲတွေ ကြုံနေပါတယ်။ အဲဒီနေ့မှာပဲ ဇာတိမြေပြန်ဖို့ စိတ်ကူးထားတဲ့ ဇုံးတဝေနဲ့ နိုင်ငံရေးဌာနက လူသစ် ချန်လန်တို့ကတော့ အိမ်ပြန်ခွင့်ကို လက်လွှတ်ပြီး စစ်ပွဲကြားက ပြည်သူတွေကို ဘေးလွတ်ရာ ပို့ပေးဖို့ နေရစ်ခဲ့ကြတယ်။ အန္တရာယ်တွေကြားမှာ နှစ်ယောက်သား အသက်စွန့်ပြီး တာဝန်ထမ်းဆောင်ကြရပါတယ်။ တာဝန်ပြီးသွားပြီလို့ ထင်နေတုန်း စစ်ပွဲထဲမှာ ပိတ်မိနေတဲ့ တစ်နိုင်ငံတည်းသား လူတစ်စု ရှိနေသေးကြောင်း သိလိုက်ရပြန်တယ်။ ပိုင်ဟွရဲ့ ဦးဆောင်လမ်းပြမှုနဲ့ နယ်စပ်ရွှေ့ပြောင်းရေးစခန်းဆီ သွားကြရပြီး အရေးပေါ်အခြေအနေကြောင့် အိမ်ပြန်ခွင့်ကို ထပ်စွန့်လွှတ်ကာ စစ်ပွဲထဲ ပြန်ဝင်ကြရပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ရုံတင်ခဲ့တဲ့ ဒီကားမှာ ကျန်းယိ၊ TFBOYS အဖွဲ့ခေါင်းဆောင် ဝမ်ကျွင့်ခိုင်နဲ့ ယင်းထောင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း