Rewrite
Rewrite (2025) IMDb Rating (6.8) အထက်တန်းကျောင်းလေးတစ်ကျောင်းကို ဆိုနိုဒါ ယာဆူဟီကိုဆိုတဲ့ ကောင်လေးတစ်ယောက် ကျောင်းပြောင်းလာခဲ့ပါတယ်။ ကျောင်းပြောင်းကျောင်းသားဖြစ်တဲ့အတွက် အကုန်လုံးကလည်း ဂရုစိုက်ခဲ့ကြတာပေါ့။ အမှန်တော့ ယာဆူဟီကိုဟာ အနာဂတ် နှစ်ပေါင်း 300 ကနေ လာခဲ့သူတစ်ယောက်ပါ။ သူဟာ အနာဂတ်ကာလမှာ ဝတ္ထုတစ်အုပ်ကို ဖတ်လိုက်မိရာကနေ အဲဒီဝတ္ထုရဲ့ ဇာတ်တည်ရာ မြို့လေးဆီကို အချိန်ခရီးသွားပြီး လာရောက်လည်ပတ်ခဲ့ပါတယ်။ အချိန်တန်လို့ သူ့ခေတ်ကို ပြန်မယ်လုပ်တော့ သူဟာ အချိန်စက်ဝန်းတစ်ခုမှာ ပိတ်မိနေခဲ့ပြီး သူ့ခေတ်ကို ပြန်လို့မရနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ခေတ်ကို ပြန်ဖို့ကြိုးစားရင်း အချိန်စက်ဝန်းတွေ အများကြီးဖန်တီးမိရာကနေ သူဖတ်ခဲ့တဲ့ ဝတ္ထုထဲက ဇာတ်ကောင်ဟာ သူဖြစ်ကြောင်း သိသွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ယာဆူဟီကိုတစ်ယောက် သူ့ခေတ်ကို ပြန်နိုင်ဖို့အတွက် သူဖတ်ခဲ့တဲ့ ဝတ္ထုကို ရေးသားခဲ့တဲ့သူကို ရှာဖွေရင်း ဝတ္ထုရေးသူဟာ သူ့အတန်းထဲက အတန်းဖော်တစ်ယောက်ဆိုတာကို သိလာတဲ့အချိန်မှာတော့ ....... ယာဆူဟီကိုတစ်ယောက် သူ့အတန်းဖော်တစ်ယောက်ချင်းစီနဲ့ ဘယ်လို ဇာတ်လမ်းတွေ ဖန်တီးပြီး ဝတ္ထုအမှန်တကယ်ရေးသားသူကို ရှာဖွေရင်း သူ့ခေတ်ကို မည်သို့မည်ပုံပြန်သွားနိုင်မလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ လှည့်ကွက်များစွာနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File Size : 1.83GB/ 830MB Quality : WEB_DL 1080p 5.1 CH/ 720p Format : mp4 Duration : 2hr 07m Genre : Mystery, Youth, Sci-Fi Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း