Memori
Memori (2025) IMDb Rating (7.4) "Memory တစ်ခုရဲ့ ကောင်းခြင်းဆိုးခြင်းဆိုတာ တစ်ခါတလေ ကျွန်တော်တို့ရဲ့လက် လက်ဖမိုး လက်ဖဝါးကွဲနေသလိုပဲ ရှုထောင့်အရကွာခြားနေတတ်ပါတယ်။" ဒီနေ့မှာတော့ နိုင်ငံတကာဆုတွေ အများကြီးသိမ်းပိုက်ထားပြီး အကောင်းဆုံး Malaysian Indie Film တစ်ကားအဖြစ် ရပ်တည်နေတဲ့ "Memori" ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးအတွက် ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အက်ရှင်တွေ၊ သည်းထိတ်ရင်ဖိုတွေနဲ့ မဟုတ်ဘဲ မိသားစု သံယောဇဉ်၊ ဖခင်နဲ့ သားကြားက နားလည်မှုလွဲချော်မှုတွေနဲ့ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါရဲ့ ဆိုးရွားပုံကို ရင်နင့်စရာ ရိုက်ပြထားတဲ့ Slice-of-life Drama ကားလေးပါ။ ဇာတ်လမ်းအစမှာတော့ မလေးရှားနိုင်ငံ တီရန်ဂါနူးမြိုက နာမည်ကြီး အငြိမ်းစားဆရာဝန်ကြီး ဟာဆန်ဟာ သူ့မှာ အယ်လ်ဇိုင်းမားရောဂါ အစပျိုးနေပြီဆိုတာကို သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ကားအက်ဆီးဒင့်ဖြစ်ပြီး သေလုနီးပါးအခြေအနေနဲ့ ကြုံရပြီးတဲ့နောက် အကြောင်းအမျိုးမျိုးကြောင့် အိမ်ကနေထွက်သွားပြီး အဆက်အသွယ်ပြတ်နေတဲ့ သားဖြစ်သူ အင်မရန်ကို အိမ်ပြန်လာဖို ခေါ်လိုက်ပါတော့တယ်။ အင်မရန်ကလည်း ဖခင်ဆီ ပြန်လာပြီး သူတိုသားအဖနှစ်ယောက်ကြားက ပျောက်ဆုံးနေတဲ့ အမှတ်တရတွေကို ပြန်လည်အသက်သွင်းဖို ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အတိတ်ဆိုတာ ပြန်လည်ရယူဖို ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ အထူးသဖြင့် ဆရာဝန်ကြီး ဟာဆန်တစ်ယောက် သားဖြစ်သူ အီမရန်ဟာ ဘာသာရေးလိုက်စားသူ မဟုတ်တော့ဘူးဆိုတာကို သိသွားတဲ့အခါ... ဖခင်ရဲ့ မာန၊ သားဖြစ်သူရဲ့ နာကျင်မှုတွေကြားမှာ သူတိုမိသားစုလေး ဘယ်လိုဆက်ဖြစ်ကြမလဲ... အသက်အရွယ်ရလာတဲ့ မိဘတွေနဲ့ အလုပ်တွေများပြီး ဝေးကွာနေတဲ့ သားသမီးတွေကြားက ဆက်ဆံရေးကို မီးမောင်းထိုးပြထားလို့ ကိုယ့်မိဘတွေကို ပြန်သတိရပြီး မျက်ရည်ဝဲရမဲ့ ဇာတ်ကားကောင်းလေးမို ခုပဲ ရှုစားလိုက်ကြပါဦးခင်ဗျာ။ File Size : 1.43GB/ 650MB Quality : NF WEB-DL 1080p 5.1 CH/ 720p Format : mp4 Duration : 1hr 39m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း