ChaO
ChaO (2025) IMDB - 6.9/10, MyAnimeList - 6.9/10 Anime ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာတဲ့ စိတ်ကူးယဉ် Romance ရုပ်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီကားလေးကတော့ ထူးထူးခြားခြား လူသားနဲ့ ရေသူမငါးလေးကြားက စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးကတော့ လူသားတွေနဲ့ ရေသူမျိုးနွယ်တွေ ယှဉ်တွဲနေထိုင်ကြတဲ့ အနာဂတ်ကာလကို အခြေခံထားပါတယ်။ အဲဒီမှာ Stefan ဆိုတဲ့ သင်္ဘောကုမ္ပဏီဝန်ထမ်းလေးတစ်ယောက်က သူဌေးရဲ့အနှိမ်ခံဘဝနဲ့ သင်္ဘောတွေအတွက် Airjet စနစ်ကို ဖန်တီးပေးချင်ပေမဲ့လည်း သူဌေးက ပလစ်ထားတာမို့ စိတ်ပျက်နေတဲ့သူပါ။ တစ်ရက်မှာတော့ သူဌေးဖြစ်သူရဲ့ သင်္ဘောကို သန့်ရှင်းရေးလုပ်ပေးနေရတုန်း ပင်လယ်ထဲကို ပြုတ်ကျပြီး ဆေးရုံရောက်သွားခဲ့ပါတယ်။ ပြန်သတိရလာတော့ သူ့ဘဝကြီးက ပြောင်းလဲသွားပါပြီ ဘာလို့လဲဆိုတော့ သူက ရေသူမျိုးနွယ် မင်းသမီး ငါးလေး ChaO ကို ချစ်ရေးဆိုခဲ့ပြီး ဟိုကလည်း လက်ခံလိုက်တာကြောင့် လက်ထပ်ပြီး အတူတူနေဖို့တွေ ဖြစ်လာပါတော့တယ်..။ ဒီလိုနဲ့ Stefan တစ်ယောက် ငါးမလေးဖြစ်တဲ့ ChaO နဲ့ ဘယ်လိုမျိုးတွေ ဆက်ဖြစ်လာမလဲ တကယ်မချစ်ပဲနဲ့ အတူတူနေလိုက်ရတဲ့ မျိုးနွယ်မတူတဲ့ လူနှစ်ဦးကြား ဘယ်လိုရှေ့ဆက်ကြမှာ Stefan ရဲ့အတိတ်ကရော ဘယ်လိုမျိုးရှိခဲ့တာ စသဖြင့် စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။
ဇာတ်လမ်းအကြောင်း