ဇာတ်ကားများ ရွေးရန်

Köln 75

2025ဇာတ်ကားအမှတ် 7.2/10116 မိနစ်

Köln 75 (2025) IMDb Rating (7.1) / Rotten Tomatoes (88%) ဂျက်ဇ် (Jazz) ဂီတလောကမှာ အောင်မြင်မှုအရှိဆုံးနဲ့ အမှတ်တရအဖြစ်ဆုံးဖြစ်ခဲ့တဲ့ "The Köln Concert" ဖြစ်မြောက်လာဖို့ နောက်ကွယ်ကနေ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ Biography / Music Drama ကားကောင်းတစ်ကားပါ။ ၁၉၇၅ ခုနှစ်၊ ဂျာမနီနိုင်ငံရဲ့ ကိုလုံး (Cologne) မြို့မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာပါ။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ Vera Brandes (Mala Emde) ဆိုတဲ့ မိန်းကလေးဟာ ဂျက်ဇ်စန္ဒယားပညာရှင် Keith Jarrett (John Magaro) ကို ခေါ်ယူပြီး ဖျော်ဖြေပွဲတစ်ခု လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံးက သူမ ထင်သလို ချောမောမနေခဲ့ပါဘူး။ Keith Jarrett ကလည်း ခါးနာနေတဲ့အပြင် သူတီးချင်တဲ့ စန္ဒယားအမျိုးအစားကလည်း ရောက်မလာဘဲ စန္ဒယားအစုတ်ကြီးတစ်ခုသာ ရောက်နေခဲ့ပါတယ်။ စိတ်ညစ်နေတဲ့ Keith ကဖျော်ဖြေပွဲကို ဖျက်သိမ်းဖို့အထိ ကြိုးစားခဲ့ပေမဲ့ Vera ရဲ့ မလျှော့သော ဇွဲနဲ့ တောင်းပန်မှုကြောင့် နောက်ဆုံးမှာတော့ အဲဒီစန္ဒယားအစုတ်ကြီးနဲ့ပဲ တီးခတ်ခဲ့ရပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အဲဒီညက ဖျော်ဖြေမှုဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Solo Jazz Album တစ်ခု ဖြစ်လာခဲ့ပုံကို ရိုက်ပြထားတဲ့ ဂီတရုပ်ရှင်ကောင်းတစ်ခုပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.6 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History,Music Duration…. 01:57:01 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း