ဇာတ်ကားများ ရွေးရန်

The Oxford Murders

2008ဇာတ်ကားအမှတ် 6.0/10107 မိနစ်

The Oxford Murders (2008) IMDb Rating (6.0) / Rotten Tomatoes (23%) Lord of the Rings မင်းသား Elijah Wood နဲ့ ဝါရင့်မင်းသားကြီး John Hurt တို့ရဲ့ ဆရာတပည့် အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ဂဏန်းသင်္ချာအမှတ်အသားတွေနောက်ကွယ်က လူသတ်သမားကို ရှာဖွေတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ သင်္ချာပညာရပ်နဲ့ လူသတ်မှုပဟေဠိတွေကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ Mystery / Thriller ကားကောင်းတစ်ကားဖြစ်ပြီး အာဂျင်တီးနားစာရေးဆရာ Guillermo Martínez ရဲ့ နာမည်ကြီး ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အောက်စ်ဖို့ဒ်တက္ကသိုလ်ကို ပညာတော်သင်ရောက်လာတဲ့ အမေရိကန်ကျောင်းသား Martin (Elijah Wood) အကြောင်းပါ။ သူဟာ နာမည်ကြီး သင်္ချာပညာရှင်ကြီး Arthur Seldom (John Hurt) ဆီမှာ ပညာသင်ကြားဖို့ ရည်မှန်းထားသူပါ။ ဒါပေမဲ့ Martin ရောက်ပြီး မကြာခင်မှာပဲ သူနေထိုင်တဲ့ အိမ်ရှင်ကတော်ကြီးဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပါတယ်။ ထူးခြားတာက လူသတ်သမားဟာ အခင်းဖြစ်ပွားတဲ့နေရာမှာ "သင်္ချာအမှတ်အသား" (Mathematical Symbol) တစ်ခုကို ချန်ထားခဲ့တာပါ။ ဆရာဖြစ်သူ Seldom က ဒါဟာကွင်းဆက်လူသတ်မှုတွေရဲ့ အစဖြစ်နိုင်ကြောင်း သတိပြုမိသွားပြီး Martin နဲ့အတူတူ ဒီသင်္ချာပုစ္ဆာလို ရှုပ်ထွေးလှတဲ့ လူသတ်မှုတွေကို တားဆီးဖို့ ကြိုးစားကြပါတယ်။ လူသတ်သမားက သင်္ချာနည်းကျကျနဲ့ သူတို့ကို စိန်ခေါ်နေတာလား၊ ဒါမှမဟုတ် တခြားလျှို့ဝှက်ချက်တွေ ရှိနေတာလားဆိုတာကို ရင်ခုန်စရာ တွေ့မြင်ရမယ့် စုံထောက်ရုပ်ရှင်တစ်ခုပါ။ File size… (2 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Mystery,Thriller Duration…. 01:49:19 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း