Character
၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင်အဖြစ် အော်စကာဆုကို ဆွတ်ခူးခဲ့တဲ့ နယ်သာလန်-ဘယ်လ်ဂျီယံ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဖခင်နဲ့ သားကြားက နာကျည်းမှု၊ အားပြိုင်မှုနဲ့ လူတစ်ယောက်ရဲ့ "စရိုက်" (Character) ဘယ်လိုပုံပေါ်လာသလဲဆိုတာကို အမှောင်ဘက်ခြမ်းကနေ ရိုက်ပြထားတဲ့ လက်ရာကောင်းတစ်ခုပါThe Godfather လိုမျိုး မိသားစုအရှုပ်တော်ပုံနဲ့ အာဏာ၊ မာနတွေကို အသားပေးထားတဲ့ Classic Drama ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ကားပါ ၁၉၂၀ ပြည့်လွန်နှစ်များက ရော့တာဒမ်မြို့ (Rotterdam) ကို နောက်ခံထားထားပါတယ်။ ဇာတ်လမ်းအစမှာ ရှေ့နေငယ်လေး Jacob Katadreuffe ဟာ မြို့ရဲ့သြဇာအရှိဆုံးနဲ့ လူမုန်းအများဆုံး ငွေချေးသူကြီး Dreverhaven ကို သတ်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ တကယ်တော့ အဲဒီအသတ်ခံရတဲ့သူဟာ Jacob ရဲ့ ဖခင်အရင်း ဖြစ်နေပါတယ်။Jacob ဟာ တရားမဝင်မွေးဖွားလာတဲ့ သားတစ်ယောက်ဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံးမှာ ဖခင်ဖြစ်သူ Dreverhaven က သူ့ကို ကူညီမယ့်အစား နည်းမျိုးစုံနဲ့ ဒုက္ခပေး၊ အတားအဆီးတွေလုပ်ပြီး နှိပ်စက်ခဲ့ပါတယ်။ Jacob ကလည်း ဖခင်ရဲ့ အနှောင့်အယှက်တွေကြားကနေ ရုန်းကန်ပြီး ရှေ့နေတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတာပါ။ စစ်ဆေးမေးမြန်းခန်းတွေကနေတစ်ဆင့် သူတို့သားအဖနှစ်ယောက်ကြားက ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ နာကျည်းမှုတွေနဲ့ ထိတ်လန့်စရာ အမှန်တရားတွေ တစ်ဖြည်းဖြည်း ပေါ်ပေါက်လာပုံကိုရင်နင့်စရာကြည့်ရမယ့် ဇာတ်ကိုနောက်ကြောင်းပြန်ကောက်တဲ့ ကားမျိုးဖြစ်ပါတယ် File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း