The Testament of Ann Lee
The Testament of Ann Lee (2025) IMDb Rating (7.0) / Rotten Tomatoes (86%) ဒီကားလေးကတော့ ၁၈ ရာစုတုန်းက "Shakers" ဆိုတဲ့ ဘာသာရေးဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် Ann Lee ရဲ့ ဘဝအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ သမိုင်းဝင် ဂီတဒရာမာ (Historical Musical Drama) ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့တဲ့ Ann Lee (Amanda Seyfried ) ကနေ စထားပါတယ်။ Ann ဟာ ငယ်ဘဝမှာရော၊ အိမ်ထောင်ကျပြီးချိန်မှာပါ စိတ်ဒဏ်ရာတွေ အများကြီးရခဲ့တယ်။ ကလေး ၄ ယောက်မွေးတာ ၄ ယောက်စလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ထိခိုက်ခဲ့ရရှာတယ်။ အဲဒီနောက်မှာတော့ သူဟာ ခရစ်ယာန်ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ Quakers တွေနဲ့ ပူးပေါင်းမိပြီး ဘာသာရေးဘက်ကို အာရုံစိုက်လာခဲ့တယ်။ ကြာလာတော့ သူ့ကိုယ်သူ ဒုတိယအကြိမ် ဝင်စားတဲ့ မေရှိယ (Messiah) အဖြစ် ခံယူကာ "Shakers" ဆိုတဲ့ ကိုယ်ပိုင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့ပါတယ်။ သူတို့ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့မတူဘဲ ဘုရားဝတ်ပြုတဲ့အခါမှာ သီချင်းတွေဆို၊ ကခုန်ပြီး စိတ်လှုပ်ရှားတက်ကြွစွာ ဝတ်ပြုလေ့ရှိကြတယ်။ ဒါ့အပြင် Ann Lee က ကျား/မ တန်းတူညီမျှရေး၊ လူတန်းစားခွဲခြားမှုမရှိရေးနဲ့ လိင်မှုကိစ္စရှောင်ကြဉ်ရေး (Celibacy) တွေကို အဓိကထား ဟောပြောခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဒီလိုဟောပြောချက်တွေက အဲဒီခေတ်က အသိုင်းအဝိုင်းအတွက် လက်ခံရခက်နေတော့ ဘာသာရေးအစွန်းရောက်အဖြစ် သတ်မှတ်ခံရပြီး စုန်းမလို့ စွပ်စွဲခံရတာ၊ ရိုက်နှက်ထောင်ချခံရတာတွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီလို ဖိနှိပ်မှုတွေ၊ အခက်အခဲတွေကြားကနေ သူ့ရဲ့ နောက်လိုက်တပည့်တွေ၊ အစ်ကိုဖြစ်သူ William တို့နဲ့အတူ အမေရိကကို ထွက်ပြေးပြီး သူတို့ယုံကြည်တဲ့ လွတ်လပ်တဲ့ ဘာသာရေးအသိုင်းအဝိုင်းလေးတစ်ခုကို ဘယ်လိုတည်ဆောက်ခဲ့ကြလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီကားရဲ့ အထူးခြားဆုံးအချက်က သာမန်အတ္ထုပ္ပတ္တိကားတွေလို ရိုးရိုးကြီးပြမသွားဘဲ မူရင်း Shaker သီချင်းဟောင်းတွေကို ပြန်လည်အသက်သွင်းပြီး Musical ပုံစံမျိုး တင်ဆက်ထားတာပါပဲ။ ရုပ်ရှင်ထဲက သီချင်းတွေ၊ ကကွက်တွေက ဇာတ်ကောင်တွေရဲ့ ယုံကြည်မှုနဲ့ ခံစားချက်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရောက်သွားစေတယ်။ အထူးသဖြင့် ခေါင်းဆောင် Ann Lee နေရာက သရုပ်ဆောင်သွားတဲ့ Amanda Seyfried ရဲ့ သရုပ်ဆောင်ချက်က တကယ့်ကို အသက်ဝင်ပြီး ကြည့်ရတာ အရမ်းပီပြင်ပါတယ်။ သမိုင်းကြောင်းတွေ၊ ဘာသာရေး ယုံကြည်မှုတွေနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြံ့ကြံ့ခံ ရုန်းကန်မှုတွေကို ဂီတအနုပညာနဲ့ ပေါင်းစပ်ကြည့်ရှုချင်တယ်ဆိုရင်တော့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History,Music Duration…. 02:17:56 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း