ဇာတ်ကားများ ရွေးရန်

The International

2009ဇာတ်ကားအမှတ် 6.2/10118 မိနစ်

IBBC ဘဏ်က ဘဏ်လုပ်ငန်းနဲ့မဆိုင်တဲ့ လက်နက်ဝယ်ယူမှုတွေ သန်းရာချီဖိုး လုပ်နေတယ်လို့ သတင်းရပြီးနောက် အေးဂျင့်လူးဝစ်နဲ့ သူ့အဖွဲ့က လိုက်စုံစမ်းကြပါတယ်။ အချိန်အတော်ယူပြီး အချက်အလက်တွေ စုဆောင်းခဲ့ရာက အရေးပါတဲ့သူတစ်ယောက်နဲ့ ဆက်သွယ်မိလာတယ်။ ဒါပေမဲ့ အဲဒီလူနဲ့ သွားတွေ့ခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက် မတော်တဆမှုနဲ့ သေဆုံးသွားပြီး တစ်ရက်တောင် မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်ထားသူပါ မတော်တဆမှုနဲ့ ထပ်သေသွားပါတယ်။ အထက်လူကြီးတွေက မရေမရာဖြစ်နေတဲ့ ဒီကိစ္စကို ဆက်မပတ်သက်ချင်ကြတော့ဘူး။ လူးဝစ်ကတော့ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးထားရတဲ့အပြင် အင်အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရချိန်မှာ ဝိုင်းလက်ရှောင်နေကြတာကို ဒေါသထွက်နေတယ်။ ဒါကြောင့် သူတတ်နိုင်သမျှ ဆက်စုံစမ်းပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားပါတယ်။ Clive Owen နဲ့ Naomi Watts တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းအက်ရှင်ကားပါ။

ဇာတ်လမ်းအကြောင်း