ဇာတ်ကားများ ရွေးရန်

Wolfgang

2025ဇာတ်ကားအမှတ် 6.6/10110 မိနစ်

Wolfgang (2025) +++++++++ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ စပိန် (ကက်တလန်) ရုပ်ရှင် "Wolfgang (extraordinari)" ဟာ ပါရမီရှင်ကလေးတစ်ယောက်ရဲ့ ဘဝကို ဟာသနှောပြီး ရင်နင့်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ အသက် ၁၀ နှစ်အရွယ် Wolfgang ဆိုတဲ့ ကောင်လေးပါ။ သူက သာမန်ကလေး မဟုတ်ပါဘူး။ IQ ၁၅၂ တောင်ရှိတဲ့ ပါရမီရှင်ကလေးဖြစ်သလို Autism (အော်တစ်ဇင်) လက္ခဏာလည်း ရှိပါတယ်။ သူဟာ စန္ဒရားတီးရာမှာလည်း တကယ့်ကို ပါရမီပါသူဖြစ်ပြီး အရာရာကို တိတိကျကျ၊ စနစ်တကျ ရှိမှ ကျေနပ်တတ်တဲ့သူပါ။ သူ့ကို အမြဲ နားလည်ပေးပြီး ဂရုစိုက်ပေးခဲ့တဲ့ အမေဖြစ်သူ ရုတ်တရက် ဆုံးပါးသွားတဲ့အခါ Wolfgang ရဲ့ ဘဝဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတယ်။ အဲဒီမှာ သူတစ်ခါမှ မတွေ့ဖူးခဲ့တဲ့ သူ့ဖခင် Carles နဲ့ အတူနေထိုင်ဖို့ အကြောင်းဖန်လာပါတယ်။ Carles ကတော့ Wolfgang နဲ့ လုံးဝဆန့်ကျင်ဘက်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ စည်းကမ်းမရှိတဲ့သူဖြစ်နေတော့ သားအဖနှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ တော်တော်များပါတယ်။ Wolfgang က သူ့အဖေကို "ဉာဏ်ရည်နိမ့်တဲ့သူ" လို့တောင် သတ်မှတ်ထားတာပါ။ Wolfgang ရဲ့ တစ်ခုတည်းသော အိပ်မက်ကတော့ သူ့အမေ ကျောင်းတက်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ပါရီက Grimald Music Academy မှာ တက်ပြီး ကမ္ဘာကျော် စန္ဒရားပညာရှင် ဖြစ်လာဖို့ပါ။ သူဟာ သူ့အဖေနဲ့အတူနေရတဲ့ ဘဝကနေ လွတ်မြောက်ဖို့နဲ့ သူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ပါရီကို ထွက်ပြေးဖို့ လျှို့ဝှက် စီစဉ်ပါတော့တယ်။ ဒီခရီးလမ်းမှာ သူတို့သားအဖနှစ်ယောက် ဘယ်လို နားလည်မှုတွေ တည်ဆောက်သွားကြမလဲ၊ Wolfgang ရဲ့ ထူးခြားတဲ့ အမြင်တွေက ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်မလဲဆိုတာကို ရိုက်ပြထားပါတယ်။ ဒီကားဟာ ထူးခြားတဲ့ ပါရမီရှင်ကလေးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်ကို ရိုက်ပြထားတာဖြစ်လို့ တကယ့်ကို Heart-warming ဖြစ်စေမယ့် ကားလေးပါ။ ထူးချွန်တဲ့ကလေးတွေ ရင်ဆိုင်ရတဲ့ လူမှုရေးအခက်အခဲတွေနဲ့ မိသားစုကြားက သံယောဇဉ်ကို အလှပဆုံး မြင်တွေ့ရမှာပါ။ File Size… (1.58GB) / (914MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre ….Drama , Family Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း