ဇာတ်ကားများ ရွေးရန်

Midwinter Break

2026ဇာတ်ကားအမှတ် 6.8/1090 မိနစ်

Midwinter Break (2026) IMDb Rating (6.0) / Rotten Tomatoes (58%) ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အသစ်ထွက်ရှိထားတဲ့ Midwinter Break ဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ပေးထားပါတယ်။ ဒီကားကို ဒါရိုက်တာ Polly Findlay က ရိုက်ကူးထားပြီး၊ အော်စကာဆန်ခါတင်စာရင်းဝင် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Lesley Manville နဲ့ Ciarán Hinds တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ဆယ်စုနှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းလာခဲ့ကြတဲ့ Stella နဲ့ Gerry ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်အကြောင်းပါ။ တစ်နေ့တော့ သူတို့နှစ်ယောက်ဟာ အမ်စတာဒမ် (Amsterdam) မြို့လှလှလေးဆီကို အပန်းဖြေခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အစပိုင်းမှာတော့ သာမန် ခရီးစဉ်လေးတစ်ခုလို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ ဒီခရီးက သူတို့ရဲ့ အိမ်ထောင်ရေးကို အချိုးအကွေ့တစ်ခုဆီ ခေါ်ဆောင်သွားပါတော့တယ်။ အမ်စတာဒမ်ကို ရောက်တဲ့အခါမှာတော့ အရင်က သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာဟောင်းတွေ၊ ရင်ထဲမှာ ကြိတ်ပြီး ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်းချင်း ပေါ်လာပါတော့တယ်။ Stella က ဘာသာတရားကို အရမ်းကိုင်းရှိုင်းပြီး အတိတ်က ဘုရားသခင်ကို ပေးခဲ့ဖူးတဲ့ ကတိတစ်ခုအတွက် စိတ်အနှောင့်အယှက်ဖြစ်နေချိန်မှာ၊ ခင်ပွန်းဖြစ်သူ Gerry ကတော့ သမ္မာကျမ်းစာကို သိပ်မယုံကြည်ဘဲ စိတ်ညစ်ရင် အရက်ခိုးသောက်တတ်တဲ့ အရက်သမား တစ်ယောက်လို ဖြစ်နေပါတယ်။ ဒီကားက နှစ်ယောက်သားကြားက ယုံကြည်တာတွေ မတူကြလို့ နားလည်တာတွေ လွဲလာတဲ့အခါ တခါတလေကျရင် သူတို့ လုပ်ရပ်တွေက အဓိပ္ပါယ်မရှိတာတွေ ဖြစ်နေတတ်ပေမဲ့၊ ဒါကပဲ တကယ့် လက်တွေ့ဘဝ အိမ်ထောင်ရေးသဘာဝဆိုတာကို ပီပီပြင်ပြင် ရိုက်ကူးပြထားပါတယ်။ အက်ရှင်ကားတွေလို ဇာတ်အရှိန်မြန်မြန် သွားတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေက အရမ်းကို အသက်ဝင်လွန်းတဲ့အတွက် အိမ်ထောင်ရှင်တွေရော၊ ရုပ်ရှင်ဇာတ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေရော အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါ။ ရေရှည်တည်တံ့တဲ့ အချစ်၊ သစ္စာရှိတာတွေနဲ့ ခွင့်လွှတ်နားလည်ပေးနိုင်စွမ်း စတာတွေကို သေသေချာချာ တွေးတောခံစားမိစေမှာမို့လို့ အားလပ်ချိန်မှာ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size… (1.4 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း